တွေ့ဆုံမေးမြန်း - ခင်ရတနာ၊ ဓာတ်ပုံ - မေဦးမိုး
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန နှင့် အပြည်ပြည်ဆိုင်ရာ
အလုပ်သမားရေးရာအဖွဲ့တို့ ပူးပေါင်းကောက်ယူခဲ့သည့် ၂ဝ၁၅ ခုနှစ်
မြန်မာနိုင်ငံ လုပ်သားအင်အား၊ ကလေးလုပ်သားနှင့် ကျောင်းအပြီး
လုပ်ငန်းခွင်ဝင်ရောက်မှု အကူးအပြောင်းဆန်းစစ်ခြင်း စစ်တမ်း
အစီရင်ခံစာကို သြဂုတ် ၂၉ရက်တွင် ထုတ်ပြန်တော့မည်ဖြစ်ပါသည်။
ဝန်ကြီးဌာနအနေဖြင့် လုပ်သားအင်အားစစ်တမ်းကို ၁၉၉ဝ ပြည့်နှစ်တွင်ILO ၊ UNDP နှင့် UNFPAတို့၏ နည်းပညာ၊ ငွေကြေးအကူအညီများဖြင့် ကောက်ယူခဲ့သော်လည်း နှစ်ပေါင်း ၂၅ နှစ်ကျော် ကြာမြင့် ခဲ့ပြီဖြစ်ခြင်းကြောင့် အချက်အလက်များမှာ ယုံကြည်ကိုးစားနိုင်မှု အားနည်းလာပြီး နိုင်ငံ၏ လက်ရှိ အခြေအနေမှန်ကို ထင်ဟပ်မှုမရှိတော့သည့်အတွက် နိုင်ငံ၏ အလုပ်အကိုင်ဆိုင်ရာ မူဝါဒများ၊ စီမံကိန်း များ ချမှတ်ရာတွင် အသုံးပြုနိုင်ရန်၊ နိုင်ငံအတွက် လတ်တလောလိုအပ်သည့် အလုပ်အကိုင်လျာထား ချက်များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အလုပ်အကိုင်ဆိုင်ရာစာရင်းများ ပံ့ပိုးပေးနိုင်ရန်၊ လုပ်သား အင်အား၊ အလုပ်လက်ရှိနှုန်း၊ အလုပ်လက်မဲ့နှုန်း၊ တစ်ဝက်တစ်ပျက်အလုပ်လက်မဲ့နှုန်းတို့ကို ရရှိနိုင်ရန် အတွက် ယခုထပ်မံကောက်ယူခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ လုပ်သားအင်အား၊ ကလေးလုပ်သားစသည့် စာရင်းဇယားကောက်ယူခြင်း ဆိုင်ရာများနှင့် စပ်လျဉ်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမား òန်ကြားရေး ဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းနှင့် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာအေး တို့ကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။
မေး ။ ။ အစီရင်ခံစာကို ၂ဝ၁၅ မှာ ကောက်ယူခဲ့တယ်လို့ သိရပါတယ်။ ဘယ်လိုပုံစံနဲ့ ကောက်ယူထားပြီး
ဘာကြောင့် စစ်တမ်းကောက်ခဲ့ရသလဲဆိုတာ ရှင်းပြပေးပါ။
ဖြေ ။ ။ အသက် ၅ နှစ်နဲ့အထက် အသက်အုပ်စု၊ ကျား၊ မ၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်နဲ့
လုပ်ငန်းကဏ္ဍတွေ၊ စီးပွားရေးကဏ္ဍနဲ့ လူမှုရေးအခြေအနေအတန်းအစားတွေအလိုက် အသေးစိတ်သတင်းအချက်အလက်ကို ရရှိဖို့၊ ကလေးလုပ်သားဆိုင်ရာ အချက်အလက်တွေနဲ့ လူငယ်တွေရဲ့ ကျောင်းက လုပ်ငန်းခွင်ဝင်ရောက်မှု အကူးအပြောင်းအခြေအနေတွေကို သိနိုင်ဖို့၊ လူဦးရေဆိုင်ရာ သွင်ပြင်လက္ခဏာတွေနဲ့ အရွယ်အစား၊ ဖွဲ့စည်းတည်ရှိမှုပုံစံ၊ ပျံ့နှံ့မှုနဲ့ ဝိသေသလက္ခဏာတွေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ရရှိဖို့အတွက် ရည်ရွယ်ပြီး လုပ်သားအင်အားစစ်တမ်းကို ကောက်ယူရတာ ဖြစ်ပါတယ်။
လုပ်သားဈေးကွက် သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံရရှိဖို့ လုပ်သားအင်အား
စစ်တမ်းကောက်ယူနိုင်ရေးကို ၂ဝ၁၄ ခုနှစ်မှာ ILOအဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်
---------------------------------------------------------------------------------------
စစ်တမ်းကောက်ယူနိုင်ရေးကို ၂ဝ၁၄ ခုနှစ်မှာ ILOအဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်
---------------------------------------------------------------------------------------
လုပ်သားဈေးကွက် သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံရရှိဖို့ လုပ်သား
အင်အားစစ်တမ်းကောက်ယူနိုင်ရေးကို ၂ဝ၁၄ ခုနှစ်မှာ ILOအဖွဲ့နဲ့
ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ပါတယ်။ ILO ပြဋ္ဌာန်းချက်အမှတ် ၁၈၂ ဖြစ်တဲ့
အဆိုးရွားဆုံးပုံစံနဲ့ ကလေးလုပ်သားခိုင်းစေမှုပပျောက်ရေးဆိုင်ရာ
ပြဋ္ဌာန်းချက်ကို လက်ခံထားတာနဲ့ အညီ ကလေးလုပ်သားပပျောက်ရေးလုပ်ငန်းကို
အကောင်အထည်ဖော်နိုင်ဖို့ စစ်တမ်း မှာ ကလေးလုပ်သားဆိုင်ရာ အချက်အလက်တွေ
ကောက်ယူခဲ့တာဖြစ်ပါတယ်။ှုဥ ရဲ့ လေ့လာမှုအသစ်တစ်ခုဖြစ်တဲ့ လူငယ်တွေရဲ့
အလုပ်အကိုင်ကူးပြောင်းမှုအခြေ အနေကို လေ့လာနိုင်ဖို့အတွက် ကျောင်းအပြီး
လုပ်ငန်းခွင်ကူးပြောင်းမှုအခြေအနေကိုလည်း ထည့်သွင်းကောက်ယူဖို့
အကြံပြုချက်အရ ကျောင်းအပြီး လုပ်ငန်းခွင် ဝင်ရောက်မှုအကူးအပြောင်း
ဆန်းစစ်ခြင်း စစ်တမ်းတို့ကိုပါ ထည့်သွင်းကောက်ယူခဲ့ တာဖြစ်ပါတယ်။
မေး ။ ။ အခုလိုဒီလိုစစ်တမ်းကို သုံးမျိုးပေါင်းကောက်ခဲ့ရတယ်ဆိုတော့ ဘယ်လို
အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရသလဲ၊ အချိန်ဘယ်လောက်ကြာအောင် ကောက်ယူခဲ့ရသလဲဆိုတာကိုလည်း သိပါရစေ။
မေး ။ ။ အခုလိုဒီလိုစစ်တမ်းကို သုံးမျိုးပေါင်းကောက်ခဲ့ရတယ်ဆိုတော့ ဘယ်လို
အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရသလဲ၊ အချိန်ဘယ်လောက်ကြာအောင် ကောက်ယူခဲ့ရသလဲဆိုတာကိုလည်း သိပါရစေ။
ဖြေ ။ ။ အခက်အခဲတွေအနေနဲ့ကတော့ အများကြီး ကြုံတွေခဲ့ရပါတယ်။ ၂၅ နှစ်
ကျော်ကြာမှ ပြန်လည်ကောက်ယူနိုင်တာဖြစ်တော့ ဝန်ထမ်းတွေအနေနဲ့ ရော ပြည်သူတွေအနေနဲ့ပါ စစ်တမ်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံနဲ့ နားလည်မှု (awareness)အားနည်းတာတွေ၊ နိုင်ငံအနေနဲ့ အလုပ်သမားရေးရာစာရင်းဇယား တွေ များစွာလိုအပ်နေတဲ့အတွက် မေးခွန်းပေါင်းများစွာ ထည့်သွင်းခဲ့တာတွေ၊ လုပ်သား အင်အား စစ်တမ်းသီးသန့်မဟုတ်ဘဲ ကလေးလုပ်သားနဲ့ ကျောင်းအပြီး လုပ်ငန်းခွင် ဝင်ရောက်မှု အကူးအပြောင်းဆန်းစစ်တဲ့ စစ်တမ်းကိုပါ ထည့်သွင်းကောက်ယူခဲ့တာ ဖြစ်လို့ စာရင်းကောက် မေးခွန်းလွှာမှာဆို အခန်း ၂ဝ၊ မေးခွန်းပေါင်း ၁၆၈ ခု ပါဝင်ခဲ့တဲ့ အတွက် အိမ်ထောင်စုတစ်စုကို အချိန်တော်တော်ကြာအောင် မေးမြန်းခဲ့ရတာတွေ၊ တချို့နေရာတွေမှာဆိုရင် ဘာသာစကားမတူတာတွေ၊ ကျွန်တော်တို့ စစ်တမ်းမေးခွန်း လွှာအပေါ် အချိန်ပေးပြီး မဖြေဆိုပေးနိုင်တာတွေရှိခဲ့တော့ အကြိမ်ကြိမ် ပြန်လည် သွားရောက် ကောက်ယူခဲ့ရတာတွေ အများကြီးကြုံခဲ့ရပါတယ်။
စစ်တမ်းကောက်တဲ့ ကာလကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့လို့ သုံးလသတ်မှတ်ထားပေမယ့်လည်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ တော့ နယ်မြေမအေးချမ်းမှု၊ သွားလာရခက်ခဲမှုတွေကြောင့် မေလလောက်အထိ အချိန်ယူပြီး ကောက်ယူခဲ့ရပါတယ်။
မေး ။ ။ စစ်တမ်းကောက်ယူတဲ့နေရာမှာ အိမ်ထောင်စုအားလုံးကို ကောက်ယူတာ
မဟုတ်ဘဲ ရွေးပြီးကောက်တာဆိုတော့ ဘယ်လိုပုံစံနဲ့ အိမ်ထောင်စုတွေ ရွေးချယ်ခဲ့လဲဆိုတာ သိပါရစေ။
ဖြေ ။ ။ စာရင်းအင်းပညာနည်းလမ်းအရ စစ်တမ်းကောက်ယူရာမှာ အရေအတွက် အားလုံးကို အပြည့်ကောက်ယူခြင်း (Census) နဲ့ နမူနာရွေးချယ်ကောက်ယူခြင်း(Sampling) ဆိုပြီး နှစ်မျိုးရှိပါတယ်။ ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းက နိုင်ငံအတွင်းရှိ လူဦးရေ အားလုံးကို အပြည့်ကောက်ယူတဲ့ census ဖြစ်ပါတယ်။ လုပ်သားအင်အားစစ်တမ်းကိုတော့ နိုင်ငံတိုင်းမှာ နမူနာအိမ်ထောင်စု တွေကိုပဲ ရွေးချယ်ပြီး နမူနာစစ်တမ်း (Sample Survey) ကောက်ယူလေ့ရှိကြ ပါတယ်။ အိမ်ထောင်စု ရွေးချယ်မှုနဲ့ပြောရမယ်ဆိုရင် ပထမအဆင့်အနေနဲ့ စာရင်း ကောက်ကွက်(Enumeration Areas-EAs) တွေကို ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ စာရင်းကောက်ကွက်တွေထဲက လုပ်သား အင်အားစစ်တမ်းကောက်ယူဖို့အတွက် ၁၅ဝဝ ကိုWorld Bank နဲ့ ပြည်သူ့အင်အား ဦးစီးဌာနတို့ ပူးပေါင်းပြုစုထားတဲ့Master Sampling Frame ကနေပြီး ရွေးချယ် ပေးခဲ့ပါတယ်။ ဒီစာရင်းကောက်ကွက် ၁၅ဝဝ ထဲကမှ စာရင်းကောက်ကွက် တစ်ကွက်ကို အိမ်ထောင်စု ၁၆ အိမ်ထောင်စုနှုန်းနဲ့ စုစုပေါင်းအိမ်ထောင်စု ၂၄ဝဝဝ ကို ရွေးချယ် ကောက်ယူခဲ့ပါတယ်။ အဲဒီလိုပြုစုလို့ရလာတဲ့ အိမ်ထောင်စုစာရင်းစဉ်ထဲကမှ ယိမ်းယိုင်မှုမရှိအောင် အကွာညီ ကျပန်းနမူနာကောက်ယူမှုနည်း(Systematic Random Sampling) ကိုသုံးပြီး အိမ်ထောင်စု ၁၆ စုကို ရွေးချယ်ကောက်ယူခဲ့ တာဖြစ်ပါတယ်။ ဒီလိုကျပန်းနမူနာရွေးချယ်မှုနဲ့ ရွေးချယ်လိုက်တဲ့ အိမ်ထောင်စု တွေဟာ သက်ဆိုင်ရာနယ်မြေဒေသမှာရှိတဲ့ အိမ်ထောင်စုတွေရဲ့ အခြေအနေကို ကိုယ်စားပြုနိုင်မှာဖြစ်ပါတယ်။
မေး ။ ။ စစ်တမ်းကောက်ယူတဲ့နေရာမှာ အချက်အလက်တွေ မှန်မှန်ကန်ကန်ရရှိဖို့နဲ့
အမှားနည်းနိုင်သမျှ နည်းစေဖို့အတွက် ဘယ်လိုဆောင်ရွက်ခဲ့လဲသိပါရစေ။
ဖြေ ။ ။ စစ်တမ်းကောက်ယူမှုအဖြစ် စာရင်းကောက်ကွက် ၁၅ဝဝ သတ်မှတ်ခဲ့
ပေမယ့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ် တို့မှာရှိတဲ့ စာရင်းကောက်ကွက် ၃၂ ကွက်ကိုတော့ နယ်မြေလုံခြုံမှုအနေအထားအရ ကောက်ယူနိုင်ခဲ့မှုမရှိခဲ့တဲ့အတွက် စာရင်းကောက်ကွက်ပေါင်း ၁၄၆၈ ကွက်မှာရှိတဲ့ အိမ်ထောင်စု ၂၃၄၂၅ စုကို ကောက်ယူနိုင်ခဲ့ပါတယ်။ စစ်တမ်းမှာ အိမ်ထောင်စု ၂၄ဝဝဝ ကို ကောက်ယူဖို့ စီစဉ်ထားတဲ့နေရာမှာ ၂၃၄၂၅ အိမ်ထောင်စုကို ကောက်ယူ နိုင်ခဲ့တဲ့အတွက် ၂ ဒသမ ၄ ရာခိုင်နှုန်းသာ ကောက်ယူနိုင်ခဲ့မှုမရှိတာကို တွေ့ရှိရပါ တယ်။ ဒါ့ကြောင့် တုံ့ပြန်မှုမရှိတဲ့ အိမ်ထောင်စု နည်းပါးမှုဟာ ရရှိတဲ့စာရင်းတွေမှာ လက်ခံနိုင်တဲ့အခြေအနေရှိကြောင်း ယူဆပါတယ်။
စစ်တမ်းက ကနဦးရရှိလာတဲ့ အချက်အလက်တွေကို ၂ဝ၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းက အချက်အလက်တွေနဲ့ နှိုင်းယှဉ်ရာမှာ အနည်းငယ်ကွဲလွဲမှုအချို့ရှိခဲ့တဲ့အတွက် စစ်တမ်းရလဒ်တွေ ခိုင်မာမှုရှိ မရှိနဲ့ နမူနာ ကောက်တာကြောင့်မဟုတ်တဲ့ အမှား(non-sampling error) နည်းနိုင်သမျှ နည်းစေရန်အတွက် စာရင်းကောက်ကွက် ၅၃ ကွက်က အိမ်ထောင်စုအချို့ကို ပြန်လည်စာရင်းကောက်ယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလို အဆင့်ဆင့်ပြုလုပ်ခဲ့ပြီး ကျွန်တော်တို့အနေနဲ့ ရရှိလာတဲ့အချက်အလက်တွေကို အစီရင်ခံစာတွေ ရေးသားပြုစု ပြီး ထုတ်ပြန်နိုင်တော့မှာဖြစ်ပါတယ်။
မေး ။ ။ ဆရာ့အနေနဲ့ စစ်တမ်းရလဒ်တွေနဲ့ ၂ဝ၁၄ သန်းခေါင်စာရင်းရလဒ်တွေ
မကိုက်ညီဘူးလို့ ပြောခဲ့တဲ့အပေါ် ဘယ်လိုအချက်တွေ မကိုက်ညီခဲ့တာလဲ၊ ဘာကြောင့် ကွဲလွဲခဲ့တာလဲ ရှင်းပြပေးစေလိုပါတယ်။
ဖြေ ။ ။ ယူတဲ့နေရာမှာ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ အိမ်ထောင်စုဆိုင်ရာ
လူဦးရေ (Coventional household population) ကိုရော အဖွဲ့ အစည်းဆိုင်ရာလူဦးရေ (Institutional Population) ကို ပါကောက်ယူခဲ့ပြီး ၂ဝ၁၅ ခုနှစ် လုပ်သားအင်အားစစ်တမ်းကောက်ယူရာမှာတော့ အိမ်ထောင်စု ဆိုင်ရာလူဦးရေ(Conventional household population) ကိုသာ နမူနာရွေးချယ်ကောက်ယူ ခဲ့ပါတယ်။
အဓိက ကွဲလွဲချက်အနေနဲ့ကတော့ အချက် လေးချက်ရှိခဲ့ပါတယ်။ ပထမအချက် အနေနဲ့ကတော့ စစ်တမ်းက ရလာတဲ့လူဦးရေကို ခန့်မှန်းတဲ့နေရာမှာ သန်းခေါင်စာရင်း က လူဦးရေထက်လျော့နည်းနေတာရယ်၊ ဒုတိယအနေနဲ့ တတိယအနေနဲ့ ပြည်တွင်း၊ ပြည်ပ ပြောင်းရွှေ့နေထိုင်သူဦးရေ နည်းပါးနေတာရယ်၊ စတုတ္ထအချက်အနေနဲ့ အလုပ်လက်မဲ့နှုန်း နည်းပါးနေတာတို့ ဖြစ်ပါတယ်။
ပထမအချက်ဖြစ်တဲ့ ခန့်မှန်းလူဦးရေ နည်းပါးနေတဲ့အပေါ်မှာ စာရင်းအင်းနည်း အရ ပြန်လည်တွက်ချက်ခဲ့ပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ကျား၊ မ၊ မြို့ပြ၊ ကျေးလက်နဲ့ အသက်အုပ်စုတွေအကြား အရေအတွက်တွေ ကိုက်ညီမှုရှိအောငILO မှ Evaluation Consultant (New Zealand) Mr. Ganesh Prasad Rauniyar နဲ့ Independent Consultant Mr. Antonio Rinaldo Discenza က ဆောင်ရွက်ပေးခဲ့ပါတယ်။
ရွှေ့ပြောင်းလူဦးရေနဲ့ပတ်သက်ပြီး ရည်òန်းကာလနဲ့ အချို့သော နမူနာ အိမ်ထောင်စုရွေးချယ်မှုအပေါ်မူတည်ပြီး ကွဲပြားမှုရှိတဲ့အတွက် ဒါဟာ လက်ခံနိုင် လောက်တဲ့အခြေအနေတစ်ရပ်အဖြစ်ILO မှ Independent Consultant Mr. Antonio Rinaldo Discenza က အတည်ပြုပေးခဲ့ပါတယ်။
အလုပ်လက်မဲ့နဲ့ ပတ်သက်ပြီး သန်းခေါင်စာရင်းနဲ့ လုပ်သားအင်အားစစ်တမ်း မှာ အသုံးပြုခဲ့တဲ့အဓိပ္ပာယ်သတ်မှတ်ချက်၊ ရည်ညွှန်းကာလနဲ့ မေးခွန်းလွှာမတူညီတဲ့ အတွက် အခုလိုကွဲလွဲမှုတွေ ရှိနေတာဖြစ်ပါတယ်။ စစ်တမ်းကောက်ယူရာမှာ အလုပ် အကိုင်နဲ့ပတ်သက်ပြီး မေးခွန်းပေါင်းများစွာမေးမြန်းခဲ့သလို ရည်òန်းကာလကို လွန်ခဲ့ သော ခုနစ်ရက်အဖြစ် သတ်မှတ်မေးမြန်းခဲ့ပါတယ်။ ဒါ့အပြင် အဓိပ္ပာယ်သတ်မှတ်ချက် ကိုလည်းILO ရဲ့ အဓိပ္ပာယ်သတ်မှတ်ချက်တွေအတိုင်း အလုပ်လက်ရှိလို့ဆိုတဲ့ နေရာမှာ အလုပ်လုပ်ကိုင်နိုင်တဲ့ အသက်အပိုင်းအခြားဖြစ်တဲ့ အသက် ၁၅ နှစ်နဲ့ အထက်ရှိသူတစ်ဦးအနေနဲ့ လွန်ခဲ့တဲ့ ခုနစ်ရက်အတွင်း လုပ်ခ၊ လစာ သို့မဟုတ် အမြတ်အစွန်းရတဲ့အလုပ်ကို အနည်းဆုံး တစ်နာရီခန့် လုပ်ခဲ့သူကို အလုပ်လက်ရှိ အဖြစ် သတ်မှတ်ခဲ့ပြီး အလုပ်လက်မဲ့ကို သတ်မှတ်ရာမှာ အလုပ်လက်ရှိ မဖြစ်သူတွေ ထဲက ရည်òန်းကာလ ရက် ၃ဝ အတွင်း အလုပ်တစ်ခု ရှာဖွေနေသူ သို့မဟုတ် လုပ်ငန်း တစ်ခုစတင်ရန် ကြိုးပမ်းနေပြီး အလုပ်ရမယ်၊ လုပ်ငန်းလုပ်ကိုင်ခွင့်ရမယ်ဆိုရင် နှစ်ပတ်အတွင်း လုပ်ကိုင်ရန် အဆင်သင့်ဖြစ်သူကိုသာ အလုပ်လက်မဲ့အဖြစ် သတ်မှတ် ခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့စစ်တမ်းက ရလာတဲ့အချက်အလက်တွေအရ အလုပ်လက်ရှိနှုန်းက မြင့်မားနေပြီး အလုပ်လက်မဲ့နှုန်းက နည်းပါးနေတာဖြစ်ပါတယ်။
မေး ။ ။ စစ်တမ်းကနေပြီး အဓိကတွေ့ရှိခဲ့ရတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး
တော့လည်း ပြည်သူတွေသိရှိအောင် ပြောကြားပေးစေလိုပါတယ်။
ဖြေ ။ ။ စစ်တမ်းကခန့်မှန်းချက်အရ ၂ဝ၁၅ ခုနှစ်အတွင်း အိမ်ထောင်စုလူဦးရေ
(Conventional Household Population) ၄၈ သန်းရှိပြီး မြို့ပြ၊ ကျေးလက် ခွဲခြားပြောရမယ်ဆိုရင် မြို့ပြမှာ ၁၄ သန်းခန့်နဲ့ ကျေးလက်မှာ ၃၄ သန်းခန့် နေထိုင်လျက်ရှိကြောင်း ခန့်မှန်းတွက်ချက်ရရှိပါတယ်။ အသက် ၁၅ နှစ်နဲ့အထက် အလုပ်လုပ်ကိုင်နိုင်တဲ့ အသက်အပိုင်းအခြားရှိ လူဦးရေ(Working Age Population-WAP) မှာ ၃၃ ဒသမ ၉ သန်းရှိကြောင်း ခန့်မှန်းတွက်ချက်ရရှိပြီး အဆိုပါအလုပ်လုပ် ကိုင်နိုင်တဲ့ အသက်အပိုင်းအခြားမှာ လုပ်သားအင်အားပါဝင်မှုနှုန်း(Labour Force Participation Rate-LFPR) က ၆၄ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်ပြီး အလုပ်လက်ရှိ အရေအတွက်အနေနဲ့ ၂၁ ဒသမ ၇၉ သန်းခန့်ရှိကြောင်း တွေ့ရှိရပါတယ်။ အလုပ်လက်ရှိတွေကို လုပ်ငန်းကဏ္ဍအလိုက် လေ့လာကြည့်ရာမှာ လယ်ယာကဏ္ဍမှာ ၅၁ ဒသမ ၇ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍမှာ ၁၆ ဒသမ ၈ ရာခိုင်နှုန်းနဲ့ ဝန်ဆောင်မှုကဏ္ဍမှာ ၃၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။ နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်း (Unemployment Rate) ကတော့ ဝ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ကြောင်း တွေ့ရှိရပြီး လုပ်သားအင်အား အပြည့်အဝအသုံးမချနိုင်မှုနှုန်း (Unemployment Rate) ကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၆ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရပါတယ်။
နိုင်ငံရဲ့ အလုပ်လက်မဲ့ကိုဖော်ပြရာမှာ အလုပ်လက်မဲ့နှုန်း တစ်ခုတည်းကို ဖော်ပြ မှုနဲ့ မလုံလောက်တဲ့အတွက် နိုင်ငံရဲ့ အလုပ်အကိုင်လိုအပ်ချက်ကို ဖော်ပြတဲ့ အòန်းကိန်းဖြစ်တဲ့ လုပ်သားအင်အားကို အပြည့်အဝအသုံးမချနိုင်မှုနှုန်း (Labour Underutilization Rate) ကို တစ်ပေါင်းတည်းဖော်ပြသင့်ကြောင်းကို ၂ဝ၁၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော (၁၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား စာရင်းအင်းပညာရှင်များညီလာခံ (19th International Conference of Labour Statisticians – 19th ICLS) က ချမှတ်ခဲ့ပါတယ်။
ကလေးလုပ်သားစစ်တမ်းက တွေ့ရှိချက်တွေအနေနဲ့ ၂ဝ၁၅ ခုနှစ်အတွင်း မြန်မာ နိုင်ငံမှာ အသက် ၅ နှစ်မှ ၁၇ နှစ်အတွင်းရှိ ကလေးဦးရေ ၁၂ ဒသမ ၁ သန်းရှိကြောင်း တွေ့ရှိရပါတယ်။ အဆိုပါ ကလေး ၁၂ ဒသမ ၁ သန်းမှာမှ အလုပ်လုပ်ကိုင်နေတဲ့ကလေး(Working Children) ကတော့ ၁ဝ ဒသမ ၅ ရာခိုင်နှုန်းသာရှိတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
ကလေးလုပ်သား (Child Labour) အဖြစ် လုပ်ကိုင်နေသူတွေကို လေ့လာ ကြည့်ရာမှာတော့ ကလေးအားလုံးရဲ့ ၉ ဒသမ ၃ ရာခိုင်နှုန်းက ကလေးလုပ်သားတွေ အဖြစ် လုပ်ကိုင်နေကြရတာ တွေ့ရှိရပါတယ်။ ကလေးလုပ်သားလို့ အဓိပ္ပာယ် သတ်မှတ်တဲ့နေရာမှာတော့ နိုင်ငံမှာပြဋ္ဌာန်းထားတဲ့ အလုပ်သမားဥပဒေတွေ၊ နိုင်ငံတကာပြဋ္ဌာန်းချက်တွေအရ သတ်မှတ်တွက်ချက် လေ့လာထားတာဖြစ်ပါတယ်။
ကျောင်းအပြီး လုပ်ငန်းခွင်ဝင်ရောက်မှုအကူးအပြောင်း ဆန်းစစ်ခြင်းစစ်တမ်း ကို ပညာရေးဝန်ကြီးဌာနက ကောက်ယူဖို့ဖြစ်ပေမယ့် နိုင်ငံမှာ လူငယ်တွေ့ရဲ့ အကူးအပြောင်းနဲ့ပတ်သက်ပြီး စစ်တမ်းကောက်ယူထားတာမရှိသေးတဲ့အတွက် ကျောင်းအပြီး လုပ်ငန်းခွင်ဝင်ရောက်မှု အကူးအပြောင်းဆန်းစစ်ခြင်းစစ်တမ်းကို ကောက်ယူခဲ့တာဖြစ်ပါတယ်။ လူငယ်တွေနဲ့ပတ်သက်ပြီး လေ့လာတဲ့နေရာမှာ လူငယ် (Youth) ဆိုတာကို အသက် ၁၅ နှစ်မှ ၂၉ နှစ်အကြား အသက်အပိုင်းအခြားရှိ လူဦးရေကို သတ်မှတ်ထားပြီး စစ်တမ်းအရ လူငယ်ဦးရေမှာ ၁၂ သန်းရှိကြောင်း တွေ့ ရှိရပါတယ်။ လူငယ်တွေ အလုပ်လက်မဲ့နှုန်း(Youth Unemployment Rate) ကတော့ ၁ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ပြီး လူငယ်တွေရဲ့ လုပ်သားအင်အား အပြည့်အဝ အသုံးမချနိုင်မှုနှုန်း (Youth Labour Underutilization Rate-LU) အနေနဲ့ ကျား-၇ ဒသမ ၉ ရာခိုင်နှုန်း၊ မ- ၁ဝ ဒသမ ၃ ရာခိုင်နှုန်းနဲ့ နိုင်ငံအဆင့်မှာတော့ ၉ ဒသမ ဝ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရပါတယ်။ အလုပ်လုပ်ကိုင်နေတဲ့ လူငယ်တွေရဲ့ ၄၉ ဒသမ ၈ ရာခိုင်နှုန်းကတော့ တည်ငြိမ်မှုရှိပြီး စိတ်ကျေနပ်မှုရှိတဲ့ အလုပ်အကိုင် တေ(Stable Employ) ကို လုပ်ကိုင်နေကြပြီး ၃ဝ ဒသမ ၁ ရာခိုင်နှုန်းကတော့ ကူးပြောင်းမှုမစတင်ရသေးတဲ့ လူငယ်တွေ(Transition not yet started) ဖြစ်ကြောင်း တွေ့ရှိရပါတယ်။
(မြန်မာ့အလင်း)
No comments:
Post a Comment