Wednesday, August 3, 2016

Miss ပြိုင်ပွဲဝင်တဲ့သူတွေများလာလို့ သူတို့တွေအခွင့်အရေးပိုပြီးရအောင် Miss Grand International ပြိုင်ပွဲမှာ ပါဝင်ဖြစ်တာပါ



The Mirror Daily's photo.
နိုင်ငံတကာအလှမယ်ပြိုင်ပွဲတစ်ခုဖြစ်သည့် Miss Grand International ပြိုင်ပွဲသို့ ၂ဝ၁၇ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။ ထိုသို့ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု Miss Grand International ပြိုင်ပွဲကို Miss Universe Myanmar Organization မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ကြောင့် Miss Universe Myanmar Organization မှ National Director ဒေါ်စိုးယုဝေ နှင့်ဆက်သွယ်မေးမြန်းမှုများကို တင်ပြလိုက်ရပါသည်…
Miss Grand International 2017 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု National Director လုပ်ဖြစ်တဲ့အကြောင်း ရှင်းပြပေးပါ…
Miss Universe ပြိုင်ပွဲအတွက် National Director မလုပ်ခင် ကတည်းက Miss Grand International ရဲ့ President နဲ့ မိတ်ဆွေတွေပါ။ အဲဒီအချိန်တုန်းက Miss Universe Myanmar ပွဲကိုပဲ ကျစ်ကျစ်လျစ်လျစ် နိုင်နိုင်နင်းနင်းလုပ်ချင်တာကြောင့် တခြားပွဲတွေကို မလုပ်ဖြစ်တာပါ။ အခုချိန်မှာတော့ ပရိသတ်တွေကလည်း ဖြစ်စေချင်တယ်။ Miss ပြိုင်ပွဲဝင်တဲ့ သူတွေလည်းပိုများလာတဲ့အတွက် သူတို့အနေနဲ့ ပိုပြီးအခွင့်အရေးရအောင် ကြိုးစားပေးတဲ့အနေနဲ့ လုပ်ဖြစ်တာပါ။
Miss Grand International ပြိုင်ပွဲရဲ့ ထူးခြားမှုကိုလည်း ပြောပြပေးပါ…
ဒီပြိုင်ပွဲရဲ့ထူးခြားမှုက ရည်ရွယ်ချက်ပေါ့။ 'Stop The War’ဆိုတဲ့ ရည်ရွယ်ချက်ဆိုတော့ မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်တွေအတွက် သင့်လျော်ကောင်း မွန်ပြီး ပြိုင်သင့်တဲ့အကြောင်းအရာလို့မြင်ပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြု ပထမဆုံးအလှမယ်ကို ဘယ်လိုရွေးချယ်သွားမလဲ…
Miss Universe Myanmar 2017 ရွေးချယ်ပွဲမှာ တစ်ပေါင်းတည်း ရွေးချယ်သွားမှာပါ။ အသေးစိတ်ကိုတော့ ညှိနှိုင်းတိုင်ပင်နေတုန်းပါပဲ။
မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ကို ဘယ်လိုအရည်အချင်းတွေနဲ့ ရွေးချယ် မလဲ…
ပြိုင်ပွဲခေါင်းစဉ်နဲ့ ရည်ရွယ်ချက်အတွက် သင့်လျော်မယ့်သူ၊ အလှမယ် တစ်ယောက်အတွက် အခြေခံလိုအပ်ချက်တွေနဲ့ပြည်စုံတဲ့သူမျိုးကို ရွေးချယ် သွားမှာပါ။
Miss Grand International 2017 ပြိုင်ပွဲကို ဘယ်နိုင်ငံမှာသွားပြိုင်ရမလဲ…
၂ဝ၁၇ ပြိုင်ပွဲအတွက်တော့ မသိရသေးပါဘူး။
Miss Universe Myanmar ပြိုင်ပွဲအတွက် ဘယ်လိုပြင်ဆင်နေလဲ…
Miss Universe Myanmar ပြိုင်ပွဲက သြဂုတ် ၁၉ ရက်မှာ ဆန်ခါ တင်ပြိုင်ပွဲဝင်တွေနဲ့ပံ့ပိုးသူတွေကို စာနယ်ဇင်းမိတ်ဆက်ပွဲ လုပ်ပါမယ်။ စက်တင်ဘာလမှာ ချင်းပြည်နယ်ဘက် လူမှုရေးခရီးစဉ်ကို ဝေဠုကျော်ဖောင် ဒေးရှင်းနဲ့အတူ သွားရောက်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ပြိုင်ပွဲကတော့ အောက်တိုဘာလ ၆ ရက်မှာ လုပ်မှာဖြစ်ပါတယ်။
သီးခြားပြောလိုတာကရော…
ထွေထွေထူးထူး ပြောစရာတော့မရှိပါဘူး။ အခြေအနေ၊ အချိန်အခါနဲ့ ပရိသတ်တွေရဲ့အားပေးမှုတွေအရ အတတ်နိုင်ဆုံး ကြိုးစားပြီးဆောင်ရွက် သွားပါမယ်။
(မင်းလှသား)

No comments:

Post a Comment