Monday, August 1, 2016

ခံနိုင်ဝန်နိမ့်ကျနေသည့်တံတား အမြန်ဆုံးပြုပြင်ပေးစေလို

 
 
ထင်သာမြင်သာပြုပြင်စရာ


နေပြည်တော် တပ်ကုန်းမြို့နှင့် အနော် ရထာရပ်ကွက်(ရွာသစ်) ဆက်သွယ် ထားသော နောင်သခ¯(နဝင်းချောင်းကူး)တံတားကြီးသည် နှစ်စဉ်ရေတိုက်စား
သဖြင့် ရေလယ်တိုင်များမှာ ပျက်စီး ဆွေးမြည့်နေသည်ကို မြင်တွေ့နေရသည်။

အဆိုပါ ချောင်းကူးတံတားသည် ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်း များ၊ ဈေးသည်များ နေ့စဉ်ဖြတ်သန်း သွားလာနေကြသော တံတားတစ်စင်း ဖြစ်သည်။ ယခုအခါ ထိုတံတား၏ ခံနိုင် ဝန်မှာ မော်တော်ဆိုင်ကယ်နှင့် မော်တော် ကားများ၏ ဝန်ကို မထမ်းနိုင်တော့ပါ။ တံတားကြီး၏ ကြံ့ခိုင်မှု အခြေမခိုင်တော့ သဖြင့် အ္တရာယ်မဖြစ်မီ တာဝန်ရှိသူများ က ပြုပြင်ပေးစေလိုကြောင်း တင်ပြအပ်ပါ သည်။


တင်ထွန်းတာ(တပ်ကုန်း)

No comments:

Post a Comment