Sunday, July 31, 2016

ဗီယက်နမ်ပြည်တွင်းလေကြောင်းလိုင်းများ၏ ဝက်ဘ်ဆိုက်ကို တရုတ်ဟက်ကာများ ဝင်ရောက်နှောင့်ယှက်




The Mirror Daily's photo.


ဟနွိုင်း ဇူလိုင် ၃ဝ

ဗီယက်နမ်နိုင်ငံပြည်တွင်းလေကြောင်းလိုင်းများ၏ ဝက်ဘ်ဆိုက်ကို တရုတ်ဟတ်ကာများက ဇူလိုင် ၂၉ ရက်တွင် ဝင်ရောက်နှောင့်ယှက်တိုက်ခိုက်ခဲ့သည်ဟု ဗီယက်နမ်နိုင်ငံပိုင်မီဒီယာက ဆိုသည်။

ပြည်တွင်းလေကြောင်းလိုင်းဝက်ဘ်ဆိုက်ပေါ်တွင် တောင်တရုတ်ပင်လယ် ဒေသအတွင်း တရုတ်နိုင်ငံ၏ လွတ်လပ်သော အချုပ်အခြာအာဏာ တည်မြဲရမည်ဟု ရေးသားထားသောစာတန်းကို ပို့စ်တင်ထားသည်။ ဗီယက်နမ်နှင့်တရုတ်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်ဒေသအတွင်း နှစ်နိုင်ငံရေပိုင်နက် အငြင်းပွားမှုများရှိနေသည်။

ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီတွင် ပြည်တွင်းလေကြောင်းလိုင်း ဝက်ဘ်ဆိုက်ကို ဝင်ရောက်ထိန်းချုပ်ရန်ခက်ခဲလျက်ရှိခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာ ကဆိုသည်။ ဟက်ကာများက ယင်းဝက်ဘ်ဆိုက်ပေါ်တွင် တောင်တရုတ် ပင်လယ်ဒေသသည် ၎င်းတို့၏ဘိုးဘွားအမွေဖြစ်သည်ဟု အင်္ဂလိပ်အက္ခရာများဖြင့် ရေးသားထားသည်။

အဆိုပါဟက်ကာများက ၎င်းတို့အဖွဲ့နာမည်မှာ '၁၉၃၇ စီအင်န်' ဟု ဖော်ပြထားသည်။ ဟနွိုင်းမြို့တော်နှင့် ဟိုချီမင်းစီးတီးရှိ နိုင်ငံတကာလေဆိပ်များ၏ သတင်းကြေညာဘုတ်များကို ထိန်းချုပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ လေဆိပ်များ၏ သတင်းကြေညာဘုတ်များပေါ်တွင် ဟက်ကာ များရေးသားထားသည့် စာတန်းများကို အချိန်တော်တော်ကြာ ပယ်ဖျက်ခဲ့ရသည်။ လေဆိပ်အရာရှိများက သတင်းကြေညာဘုတ်များကို အသုံးမပြုတော့ဘဲ အခြားနည်းလမ်းများအသုံးပြုပြီး ခရီးသွားများအား သတင်းကြေညာခဲ့ရသည့်အတွက် အချိန်ကြန့်ကြာမှုများရှိခဲ့သည်။

ယခင်ကလည်း ဗီယက်နမ်အစိုးရအဖွဲ့အစည်းများနှင့် ကုမ္ပဏီများ၏ ဝက်ဘ်ဆိုက်များကို ဟက်ကာများက ကြိမ်ဖန်များစွာ ဝင်ရောက်နှောင့်ယှက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment