Saturday, July 2, 2016

အီးယူမှ ဗြိတိန်ခွဲထွက်မှုကြောင့် အာရှကုန်ထုတ်လုပ်ငန်းများအကျပ်အတည်းနှင့်ရင်ဆိုင်နေရ



 ပေကျင်း ဇူလိုင် ၁

အလုပ်နေရာများလျှော့ချလိုက်ခြင်းနှင့် ပို့ကုန်လုပ်ငန်းများ ကျဆင်းလာမှု တို့ကြောင့် တရုတ်နိုင်ငံ၏ စက်ရုံလုပ်ငန်း အများစုသည် ဇွန်လကစပြီး ကျပ်တည်းမှု များဖြစ်ပေါ်ခဲ့သည်။ ယင်းသည် အာရှ တစ်လွှား စိုးရိမ်စရာအခြေအနေတစ်ခု ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဇူလိုင် ၁ ရက်က ဖော်ပြခဲ့သည်။
ထိုသို့ဖြစ်ခြင်းများသည် အီးယူမှ ဗြိတိန်နုတ်ထွက်ခြင်းနှင့် သက်ဆိုင်မှု ရှိရာ ထုတ်လုပ်သူအများစုက ယင်းကဲ့သို့ စီးပွားရေးမတည်ငြိမ်မှုများသည် ဇူလိုင် လတွင် ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း အကြံပြုဖော်ပြထားသည်။
အီးယူမှခွဲထွက်ရေး ဗြိတိန်မဲပေး မှုသည် ဗြိတိန်ကို ကာလအတော်ကြာကြာ အရိပ်သဖွယ်အုပ်မိုးနေသဖြင့် အီးယူ နှင့် က္ဘာ့ဈေးကွက်ကြား စီးပွားရေး ဆိုင်ရာများ အကျပ်ရိုက်နိုင်ကြောင်း ငွေကြေးနည်းဗျူဟာ ဖော်ဆောင်သူ ရောဘတ်ရန်နေးက သတိပေးထား သည်။ ကုန်ထုတ်လုပ်ငန်းများအတွက် နိုင်ငံခြားအမှာစာရရှိမှုသည် လအတော် ကြာလျော့နည်းနေကြောင်း လေ့လာမှု စစ်တမ်းများက ဖော်ပြခဲ့သည်။ ထိုသို့ အခြေအနေများသည် ပေကျင်း ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများ အတွက် စိတ်ပျက်စရာ အခြေအနေ ဖြစ်ပေါ်စေကြောင်း သိရသည်။

(ရိုက်တာ)

No comments:

Post a Comment