Saturday, July 2, 2016

လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံတွင် ၂ဝ၁၆ အတွက် ပထမဦးဆုံး လိမ္မော်ရောင်အဆင့် သတိပေးမှုထုတ်ပြန်

Myanmaalinn's photo.
 ပေကျင်း ဇူလိုင် ၁ 

တရုတ်နိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့တွင် မုန်တိုင်းကျရောက်မှုကြောင့် ကြာသပတေးနေ့က တရုတ်နိုင်ငံမိုးလေဝသဌာနမှ လိမ္မော်ရောင်အဆင့် သတိပေးမှု ထုတ်ပြန်ထားသည်။
ဤသည်မှာ ယခုနှစ်အတွက် မိုးလေဝသဌာနမှ ပထမဦးဆုံးအကြိမ် သတိပေးမှု ထုတ်ပြန်ထားခြင်းဖြစ်သည်။ ဇွန်လအတွင်း တရုတ်နိုင်ငံတောင်ပိုင်းတွင် တိုက်ခတ် ခဲ့သော မုန်တိုင်းနှင့် အရှေ့ပိုင်းကျန်းစုပြည်နယ်တွင် တိုက်ခတ်ခဲ့သော တော်နေဒိုမုန်တိုင်း ကြောင့် လူပေါင်း ၁ဝဝ ကျော် သေဆုံးခဲ့ရသည်။
နောက်လာမည့် လေးရက်အတွင်း ကျန်စု၊ ဟေနန်၊ ဟူဘေးတို့တွင် အဆက်မပြတ် မိုးရွာသွန်းမည်ဟု မိုးလေဝသဌာနက ပြောသည်။ ယင်းဒေသများ၌ မိုးရေချိန် ၄ဝဝ မီလီမီတာထိ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားရာ မြေပြိုမှုများ၊ ရွှံ့နွံစီးဆင်းမှုများ ရှိနိုင်သည့်နေရာများမှ ရှောင်ရှားရန် သတိပေးမှုများ ထုတ်ပြန် ထားသည်။
ထို့အပြင် တောင်တန်းဒေသများရှိ ပြည်သူများကိုလည်း လုံခြုံစိတ်ချရသည့် နေရာများကိုလည်း ရွှေ့ပြောင်းကြရန် သတိပေးထားသည်။ ဒေသတွင်း အာဏာ ပိုင်များကလည်း မြစ်ဘေးတစ်လျှောက် နေထိုင်သူများကို ရေကြီးလာခြင်းအတွက် သတိပေးမှုများ ထုတ်ပြန်ထားသည်။
(ဆင်ဟွာ)

No comments:

Post a Comment