Saturday, July 2, 2016

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဘတ်စကက်ဘောပြိုင်ပွဲကျင်းပ



The Mirror Daily's photo.


ရန်ကုန် ဇူလိုင် ၁

၂ဝ၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဘတ်စကက်ဘောပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇွန် ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင် ရန်ကုန်မြို့ ကျိုက္ကဆံဘတ်စကက်ဘော အားကစားပြိုင်ပွဲရုံ၌ ကျင်းပခဲ့သည်။

ယင်းပြိုင်ပွဲတွင် 3 On 3 တစ်ဖက်သုံးယောက်စီပြိုင်ပွဲကွင်း၏ တစ်ခြမ်း၌ ဂိုးသွင်းကစားရသော ဘတ်စကက်ဘော အားကစား နည်းဖြစ်ရာ အသက် (၁၈)နှစ်အောက် အမျိုးသမီးပြိုင်ပွဲတွင် ပထမ Lady Divas အသင်း၊ ဒုတိယ Phoenix အသင်း၊ တတိယ Angle အသင်းတို့က လည်းကောင်း၊ အသက်(၁၈)နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် ပထမ Blank(A) အသင်း၊ ဒုတိယ Blank(B) အသင်း၊ တတိယ Allure အသင်းတို့က လည်းကောင်း၊ အသက်(၂၅)နှစ်အောက် အမျိုးသမီးပြိုင်ပွဲတွင် ပထမ Ladies အသင်း၊ ဒုတိယ Step.Up(A) အသင်း၊ တတိယ Phoenix အသင်းတို့က လည်းကောင်း၊ အသက်(၂၅)နှစ်အောက် အမျိုးသား ပြိုင်ပွဲတွင် ပထမ Blank အသင်း၊ ဒုတိယ Head Shot အသင်း၊ တတိယ Trilogy အသင်းတို့အား မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်မြင့်၊ တွဲဖက်အတွင်းရေးမှူး ဒေါ်ကြူကြူနှင့် အမှုဆောင်များက ဆုများကိုပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းပြိုင်ပွဲ၏ ငွေသားဆုများကို All Stage International Co.,Ltd. က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment