Friday, July 29, 2016

စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးများပြိုကျ၍ ဆင်ဂွေကျေးရွာအရှေ့ဘက် ပိုင်း လူနေအိမ်ခြေများအနီးကို ရောက်ရှိလာ



The Mirror Daily's photo.
ရေတာရှည် ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့အရှေ့ဘက် ၄ မိုင်ခန့်အကွာရှိ ဆင်ဂွေကျေးရွာအရှေ့ဘက်ပိုင်း လူနေအိမ်များသည် စစ်တောင်းမြစ်ရေတိုက်စား၍ ကမ်းပါးများပြိုကျကာလူနေအိမ်ခြေများအနီးသို့ ရောက်ရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံအတွင်း မြောက်မှတောင်သို့ ရှည်လျားစွာစီးဆင်းလျက်ရှိသည့် စစ်တောင်းမြစ်ကြောင်းပြောင်းလဲမှုများတွင် နုန်း၊ နယ်ပို့ချမှုများပြားကာ မြစ်ကြမ်းပြင်မြင့်တက် ခြင်းအပြင် မြစ်ချိုး မြစ်ကွေ့များပြားခြင်းကြောင့် ရေစီးကြောင်းပြောင်းလဲပြီး ကမ်းပါးများတိုက်စားမှု ပိုမိုမြင့်တက်လာခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

''ကျွန်တော်တို့ရွာမှာ ဒီလအစောပိုင်း ရွာတဲ့မိုးတုန်းကမြစ်ရေ အတော်ကိုတိုးလာတာ။ အဲဒီရေလည်းပြန်ကျရော နေ့ရော ညပါ တဝုန်းဝုန်းနဲ့ကို ပြိုကျတော့တာပဲ။ ရွာဘက်ကို ဆယ်တောင်လောက်ပါသွားတယ်။ ကြံခင်းတွေနဲ့ နှမ်းခင်း တွေပါ ပါကုန်တယ်'' ဟု ဆင်ဂွေကျေးရွာဒေသခံ ဦးလှမွှေးကပြောကြားသည်။

ဆင်ဂွေကျေးရွာသည် အထက်ပိုင်း ကဲလင်းဆိပ်ကျေးရွာဘက်မှ ချိုးကွေ့စီးဆင်းလာသည့် စစ်တောင်းမြစ်ကြောင်း၏ ထိပ်တည့်တည့်ကျနေသည့် ရွာတစ်ရွာဖြစ်ခြင်းကြောင့် မြစ်ရေဆက်လက်မြင့်တက်လာပါက ကမ်းနားရှိလူနေအိမ်များရွှေ့ပြောင်းရဖွယ်ရှိနေကြောင်း ဒေသခံရွာသားများက စိုးရိမ်လျက်ရှိသည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment