Friday, July 29, 2016

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဧရာဝတီတံတား( ထီးချိုင့် ) ချဉ်းကပ်လမ်း ထီးချိုင့်အပိုင်း ရေများကျော်နေ၍ အဝေးပြေးကားများ မြို့တွင်းမှဖြတ်မောင်းနေရ




ထီးချိုင့် ဇူလိုင် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့၏ ဧရာဝတီမြစ်ရေသည် ဇူလိုင် ၂၆ ရက် ညနေ တိုင်းထွာချက်အရ ၈၉၂ စင်တီမီတာရှိသော်လည်း ဇူလိုင် ၂၇ ရက် နံနက် ၆ နာရီတိုင်းထွာချက်အရ ၉၂၂ စင်တီမီတာသို့ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါမြစ်ရေ မြင့်တက်လာမှုကြောင့် ဧရာဝတီတံတား (ထီးချိုင့်)ချဉ်းကပ်လမ်း ထီးချိုင့်ဘက်အနိမ့်ပိုင်းနေရာများတွင် ရေများကျော်နေ၍ ခေတ္တလမ်းပိတ်ထားပြီး အဝေးပြေးကားများ မြို့တွင်းမှ ဖြတ်သန်းသွားလာနေရသည်။ မြို့တွင်းအနိမ့်ပိုင်းနေရာများတွင်လည်း ရေများဝင်ရောက်လာသဖြင့် အမှတ် ၄ ရပ်ကွက် ဘုရင့်နောင်ဈေးသူ၊ ဈေးသားများသည် တံတားလမ်းခွဲ မြို့ထဲအဝင်လမ်းသို့ ပြောင်းရွှေ့ရောင်းချကြသည်။ ယင်းကြောင့် မြို့တွင်း၌ အဝေးပြေးကားကြီး၊ ကားသေး၊ ဈေးသည်၊ ဈေးဝယ်များဖြင့် ရှုပ်ထွေးနေပြီး ယာဉ်ကြောပိတ်ဆို့မှုလည်း ဖြစ်ပေါ်နေကြောင်း၊ ယာဉ်တိုက်မှုအန္တရာယ်ဖြစ်မည်ကို စိုးရိမ်နေရကြောင်း ပြည်သူတစ်ဦးကပြောသည်။

ထီးချိုင့်မြို့၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်သည် ၁ဝဝဝ စင်တီမီတာဖြစ်သော်လည်း ယခုအခါ ၉၂၂ စင်တီမီတာရောက်ချိန်တွင် အဆိုပါလမ်းပေါ်၌ ရေနှစ်ပေခွဲခန့်မြင့်တက်နေကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment