Friday, July 29, 2016

ရန်ကုန်-အင်းစိန်လမ်းမကြီးဆုံရာ လူကူးမျဉ်း လူကူးအချက်ပြမီးထားပေးစေလို

 
 
ထင်သာမြင်သာပြုပြင်စရာ



မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်း၊ ဘူတာရုံလမ်းနှင့် ရန်ကုန် - အင်းစိန် လမ်းမကြီးဆုံရာ ''လမ်းဆုံ၊ လမ်းဝ၊ လမ်း လေးခွ'' ရှုပ်ယှက်ခတ်နေသော မော်တော် ယာဉ်များကြား မဝံ့မရဲတိုးဝှေ့ကာ ကားလမ်းကူးနေကြရသော ခရီးသွားပြည်သူတို့ အတွက် လူကူးမျဉ်းကြားမရှိသည်မှာ လပေါင်းများစွာကြာနေ ပြီဖြစ်ကြောင်း သမိုင်း လမ်းဆုံခေါင်းရွက်ဗျတ်ထိုးပျံကျ ဈေးရောင်းသူတို့ထံမှ သိရသည်။

''လူကူးမျဉ်းမထားဘူးဆိုရင် လူတွေကားလမ်းကူးဖို့ အချက်ပြမီး ထားပေး စေချင်ပါတယ်။ ကျွန်မတို့ လူလတ်ပိုင်းကတောင် လမ်းကူးရမှာကြောက်တယ်။ ကလေးတွေ၊ သက်ကြီးအိုမင်းတဲ့ အဘိုးအဘွားတွေ ပိုခက်မှာပေါ့'' ဟု မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်မိုးသူက ပြောသည်။
ဤသို့ဖြင့် ခရီးသွားပြည်သူများသမိုင်းလမ်းဆုံတွင် ယာဉ်အ္တရာယ်ကင်းစွာဖြင့် လိုရာခရီးသို့ ချောမွေ့လွယ်ကူစွာ သွားရောက်စေနိုင်ရန်အတွက် ဤနေရာမျိုးတွင် လူကူးမျဉ်း (သို့မဟုတ်) လူကူးအချက်ပြမီး၊ လူကူးခုံးကျော်တံတားထားပေးစေလို ကြောင်း လိုလားနေကြသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)

No comments:

Post a Comment