Friday, July 29, 2016

အသည်းရောင်ရောဂါပပျောက်ရေး

 
 
 
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


က္ဘာပေါ်တွင် အသည်းရောင် ဘီပိုးကူးစက်ခံထားရသူ သန်း ၃၅ဝ ခန့် ရှိနေပြီး မြန်မာနိုင်ငံတွင်မူ နိုင်ငံ့လူဦးရေ၏ ၁ဝ ရာခိုင်နှုန်းခန့် (လူငါးသိန်း ခန့်) မှာ ဘီပိုးကူးစက်ခံထားရသည်။ အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျား ရောဂါတို့ကို လူသားတို့၏ အသက်အ္တရာယ်များကို ခြိမ်းခြောက်နေသည့် ရောဂါများအဖြစ် နိုင်ငံတကာက အာရုံစိုက်ကာ အဆိုပါရောဂါများ ကူးစက်ဖြစ်ပွားမှုမဖြစ်စေရန် ကာကွယ်ခြင်း၊ ကုသခြင်းတို့အတွက် ကိုသာ ဝါယမစိုက်ကြိုးပမ်းခဲ့ကြသည့်အလျောက် အခြားတစ်ဖက်တွင် အသည်းရောင်ရောဂါက ခေါင်းထောင်လာခဲ့သည်။

လူသားတို့၏အသက်အ္တရာယ်ကို ခြိမ်းခြောက်နိုင်သည့်ရောဂါတစ်မျိုးဖြစ်သည့် အသည်းရောင်ရောဂါမှာ အေ၊ ဘီ၊ စီ၊ ဒီ၊ အီး ဟု အဓိက ငါးမျိုးရှိသည့်အနက် အဆိုးရွားဆုံးမှာ ဘီနှင့်စီဖြစ်ပြီး ကူးစက်မှုများကာ လူကို ဒုက္ခအပေးဆုံးအမျိုးအစားနှစ်ခုဖြစ်သည်။ အသည်းရောင်ရောဂါ ဘီပိုးသည် ခံနိုင်ရည်အားကောင်းသော ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး သာမန် အခန်း အပူချိန်တွင် တစ်လခန့်ကြာအောင် ရှင်သန်နေနိုင်သည်။ အအေးလွန် အပူလွန်သည့်အခြေအနေဖြစ်သော အပူချိန် -20ံ Cတွင် နှစ်ပေါင်းများစွာ ရှင်သန်နိုင်ပြီး အပူချိန် 60ံ C တွင် လေးနာရီခန့် ရှင်သန်နိုင်သည်။ သို့အတွက်ကြောင့် လူ့အသုံးအဆောင်ပစ္စည်းများ၊ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓားကဲ့သို့သော တစ်ကိုယ်ရေသုံးပစ္စည်းများ၊ ပန်းကန်ခွက်ယောက်၊ စားသောက်ဖွယ်ရာများ၊ အိမ်သာ၊ လက်ဆေးကန်၊ မီးဖိုတို့၏တံခါးလက်ကိုင်များ စသည်တို့တွင် အသည်းရောင်ရောဂါဘီပိုးတို့ ရှင်သန်နေနိုင်ကြသည်။

ဘီပိုးသည်လူ့ခန္ဓာကိုယ်တွင်း၌မူ သွေး၊ ချွေး၊ တံတွေး၊ ရေàာရည်၊ သုက်ရည်၊ မျက်ရည်၊ ဆီး၊ နို့ရည်စသည့်အရည်အားလုံးထဲတွင် ရှိသည်။ သွေးထဲတွင် နှစ်နှင့်ချီပြီးနေထိုင်ကာ ကူးစက်ရန်အခွင့်အလမ်းပေါ်သည် နှင့်နောက်တစ်ယောက်ထံသို့ ကူးစက်ခြင်းဖြစ်သည်။ အသည်းရောင်ရောဂါ ဘီပိုးကူးစက်မှုမရှိစေရန် ကာကွယ်သည့်နည်းလမ်းများမှာ-
(၁) ပြည်သူလူထုအား ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန် ရှောင်ရန် နည်းလမ်းများကို ပညာပေးခြင်း၊
(၂) ကျန်းမာရေးစောင့်ရှောက်သူများ လိုက်နာဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များဖြစ်သည့် ပိုးကင်းစင်အောင်ပေါင်းခြင်း (Sterilization) ၊ ပိုးသုတ်သင်ခြင်း(Disinfection)တို့ကို လိုက်နာကျင့်သုံးခြင်း၊
(၃) ရေရှည်ကြာကြာခံမည့် ကာကွယ်ဆေးထိုးခြင်း (Vaccination)
(၄) ရေတိုကာကွယ်သည့် သွေးရည်ကြည်ကာကွယ်ဆေးထိုးခြင်း (Passive immunization)တို့ ဖြစ်သည်။

အသည်းရောင်ရောဂါသည် လူသားတို့၏ အသက်အ္တရာယ်ကို ခြိမ်းခြောက်သည့် ရောဂါဖြစ်သည့်အလျောက် အဆိုပါရောဂါကို ကာကွယ် ရေးနှင့် ကုသရေးတို့အတွက် နိုင်ငံတကာမှ နိုင်ငံခေါင်းဆောင်များ၊ ကျန်းမာရေးဆိုင်ရာမူဝါဒချမှတ်သူ၊ စီမံခန့်ခွဲသူများက အာရုံစိုက်လုပ်ကိုင် လာစေရန်အတွက် နှစ်စဉ် ဇူလိုင် ၂၈ ရက်ကို က္ဘာ့အသည်းရောင်ရောဂါ အထိမ်းအမှတ်နေ့အဖြစ် ကျင်းပလျက်ရှိပြီး ယခုနှစ်အတွက် '' Elimination
'' ''ကင်းစင်ပပျောက်ရေး'' ဟူသော ဆောင်ပုဒ်ကို ချမှတ်ခဲ့ သည်။
မြန်မာနိုင်ငံတွင် အသည်းရောင်ရောဂါကာကွယ်ရေးအတွက် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ရောဂါကာကွယ်ဆေးထိုးနှံပေးသည့်လုပ်ငန်းကို ဆောင်ရွက်နေသကဲ့သို့ ၂ဝ၁၂ ခုနှစ်အတွင်းက ဖွဲ့စည်း တည်ထောင်ခဲ့သော အသည်းဖောင်ဒေးရှင်းကလည်း အသည်းရောင် အသားဝါ ဘီပိုးစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆောင် ရွက်ခြင်း၊ ပိုးရှိသူများကို နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းတို့ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

အသည်းရောင်ရောဂါဘီပိုးသည် ကုရာနတ္ထိဆေးမရှိသော ရောဂါ မဟုတ်ဘဲ ကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်းတို့ဖြင့် ပျောက်ကင်းနိုင်သော ရောဂါဖြစ်သည်။ ကူးစက်မှု ၈ ရာခိုင်နှုန်းအထက်ရှိသော မြန်မာနိုင်ငံအနေ ဖြင့် မီးဖွားစဉ် မိခင်မှ ကလေးသို့ ကူးစက်ခြင်း၊ ဆေးထိုး၊ သွေးသွင်း၊ ပွန်းပဲ့ရှနာမှ ကူးခြင်းစသည်တို့ကို ကြိုတင်ကာကွယ်သည့် နည်းလမ်း များဖြင့် တားဆီးကာ ဘီပိုးရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းသွားမည်ဖြစ်ရာ ငွေ ကြေး၊ လုပ်အားခ စသည်ဖြင့် အဘက်ဘက်မှ ဝိုင်းဝန်းကူညီကြရန် လိုအပ်ပါကြောင်း။ ။

No comments:

Post a Comment