Friday, July 1, 2016

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ



The Mirror Daily's photo.


မော်လမြိုင် ဇွန် ၃ဝ

ဇွန် ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဇွန် ၂၆ ရက်က မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆုရ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ကျော်ဆွေထံမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

ဆက်လက်၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအထိမ်းအမှတ်အဖြစ် ဗဟို/ပြည်နယ်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ကွန်ပျူတာပန်းချီ၊ စာစီ စာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုချီးမြှင့်ပွဲ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးနှင့် ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ က ဗဟိုအဆင့် ကွန်ပျူတာပန်းချီ အထက်တန်းအဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။
ကျော်သန်း(မော်လမြိုင်)

No comments:

Post a Comment