Friday, July 1, 2016

ယာဉ်ကြောပိတ်ဆို့မှုလျော့နည်းပပျောက်စေရေး မော်တော်ယာဉ်ရပ်နားစခန်း သီးခြားတည်ဆောက်ပေး




The Mirror Daily's photo.


မြစ်ကြီးနား ဇွန် ၃ဝ

မြစ်ကြီးနားမြို့ မြို့မဈေးရှိ ဇော်ဂျွန်းလမ်းနှင့် ဈေးပတ်လမ်းများတွင် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားခြင်းကြောင့် မြစ်ကြီးနား မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းပပျောက်စေရေး မော်တော်ယာဉ်ရပ်နားစခန်းကို သီးခြား တည်ဆောက်ခဲ့ရာ မေလမှ စတင်၍ အသုံးပြုလျက်ရှိခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ နည်းပါးသွားပြီ ဖြစ်သည်။

အဆိုပါ မော်တော်ယာဉ်ရပ်နား စခန်းနှင့်ပတ်သက်၍ မြစ်ကြီးနား မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးခေါင်းရုံး ကြီးကြပ်ရေးတာဝန်ခံ ဦးဖြိုးဝေဆန်းက ''ယခုမော်တော်ယာဉ် ရပ်နားစခန်းကို ဇော်ဂျွန်းလမ်းနဲ့ ဧရာဝတီမြစ်အကြားမှာ ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ မော်တော် ယာဉ်ရပ်နားစခန်းမှာ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများရဲ့ မော်တော် ယာဉ်များကို အရင်လိုလမ်းမပေါ်မှာ ရပ်ခြင်းမရှိစေဘဲ စနစ်တကျ ရပ်အောင် နေရာပေးပြီး ဆောင်ရွက်ထားခြင်း ဖြစ်ပါတယ်။ မော်တော်ယာဉ်အစီးရေ ၆ဝ ခန့် အထိရပ်နိုင်ပြီး ယာဉ်ကြောပိတ် ဆို့မှုများ ကင်းရှင်းသွားစေမှာဖြစ်ပါတယ်။ အခြားလမ်းဘေးခေါင်းရွက် ဗျပ်ထိုးဈေးသည်တွေကိုလည်း စနစ် တကျရောင်းချစေဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်''ဟု ပြောသည်။

မြစ်ကြီးနားမြို့တွင် နေ့စဉ်နှင့်အမျှ မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ်အစီးရေ တိုးတက်များပြားလာပြီး ယာဉ်ကြောပိတ်ဆို့မှုမှာလည်း မြို့မဈေးပတ်လမ်းတွင်သာအဖြစ်များ ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများအား လျော့နည်းပပျောက်စေရန် အဆိုပါမော်တော်ယာဉ်ရပ်နားစခန်းအပြင် လမ်းသားများတိုးချဲ့ခြင်း လုပ်ငန်းကို ရက် ၁ဝဝ စီမံချက်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး တစ်လမ်းမောင်းစနစ်များ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သတင်းရရှိသည်။
ရာဇာဖွား(မြစ်ကြီးနား)

No comments:

Post a Comment