Friday, July 1, 2016

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကို ကြည့်ရှုစစ်ဆေး




The Mirror Daily's photo.


ရန်ကုန် ဇွန် ၃ဝ

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေသည် ယနေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ရှိ Command and Control Center သို့ ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းစဉ်များ၊ ရန်ကုန် မြို့တော် မီးငြှိမ်းသတ်ရေးစနစ် (Standard Operation Procedure-SOP )တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး လေဆိပ်လုံခြုံရေးဆောင်ရွက်ထားရှိ မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လေဆိပ်လုံခြုံရေးနှင့်စပ်လျဉ်းသည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

ထို့နောက် စမ်းချောင်းမြို့နယ် မြေနီကုန်းရှိ မီးသတ်သုတေသနနှင့် မီးဘေးလုံခြုံရေး အသိပညာပေးရေးဌာနသို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မီးဘေးလုံခြုံရေးတာဝန်ခံ(Fire Safety Manager-FSM)သင်တန်းဖွင့်လှစ်ပို့ချနေမှု၊ ပြည်သူလူထု မီးဘေးလုံခြုံရေး အသိပညာပေးပြခန်းများနှင့် အဆောက်အအုံများတွင် တပ်ဆင်ထားရမည့် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းကိရိယာများ လက်တွေ့သရုပ်ပြသမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment