Saturday, July 2, 2016

ထင်သာမြင်သာပြုပြင်စရာ



 
အင်းတော်မြို့က မြကန်သာပန်းခြံပြန်လည်ပြုပြင်စေချင်

 
အင်းတော်  ဇူလိုင်  ၁

စစ်ကိုင်းတိုင်းဒေသကြီး  ကသာခရိုင် အင်းတော်မြို့တွင်ရှိသော'' မြကန်သာ''အပန်းဖြေပန်းခြံမှာ        ပုံပါအတိုင်း ချုံနွယ်များ ပိတ်ဖုံးနေပြီး ပန်းခြံအတွင်း လူနေအိမ်များ၊ စားသောက်ဆိုင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများဖြင့် နေရာ ယူထားသဖြင့် အပန်းဖြေပန်းခြံပျောက် နေသည်မှာ     နှစ်ချီကြာမြင့်နေကြာင်း သိရသည်။
 ယခင်က အင်းတော်မြို့နေ ပြည်သူ များ အပန်းဖြေကြခြင်း၊ ကလေးငယ်များ၊ ကျောင်းသား ကျောင်းသူများ၊ လျှောစီး စင်များဖြင့်    ဆော့ကစားနေကြခြင်း ပန်းခြံအတွင်း ကန်ပေါင်ရိုးပေါ်ရှိ  အပင် ရိပ်ကလေးများအောက်မှ  ခုံတန်းကလေး များတွင်   အနားယူခြင်းများဖြင့်   သာသာ ယာယာစိတ်အပန်းဖြေမှုများ   ခံစားခဲ့ရ သော်လည်း   ယခုအခါ   အထက်ဖော်ပြပါ အဆောက်အအုံများ  နေရာယူထားသဖြင့်  အပန်းဖြေပန်းခြံလေး  ပျောက်ဆုံးခဲ့ရ ကြောင်း  သိရသည်။
မြို့လယ်ကျခြင်း၊ အ.ထ.က စာသင် ကျောင်းနှင့်နီးခြင်း၊   မီးရထားသံလမ်း ဘေးတွင်         တည်ရှိနေခြင်းတို့ကြောင့်  ယခင်ကလို အပန်းဖြေပန်းခြံ ပြန်လည် တည်ရှိနေမည်ဆိုလျှင်       မြို့လည်း သာယာလှပ၊ အင်းတော်မြို့သူမြို့သားများ လည်း အားလပ်ချိန်  အပန်းဖြေနေနိုင် စေရေးတို့ကို  ရှေးရှု၍ မလိုလားအပ်သော အဆောက်အအုံများ ဖယ်ရှား၍ပန်းခြံနှင့် တူအောင်    သက်ဆိုင်ရာမှ    ပြန်လည် ပြုပြင်ပေးစေလိုပါကြောင်း     ရေးသား တင်ပြလိုက်ရပါသည်။
လူအောင်(ကသာ)

No comments:

Post a Comment