Saturday, July 2, 2016

အမေရိကန်တပ်မတော်တွင် လိင်ပြောင်းထားသူများအား စစ်မှုထမ်းဆောင်ရန် ခွင့်ပြု




The Mirror Daily's photo.


ဝါရှင်တန် ဇူလိုင် ၁

အမေရိကန်ကာကွယ်ရေးတပ်ဖွဲ့တွင် လိင်ပြောင်းထားသူများအား စစ်မှုထမ်းဆောင်ရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ယခုနှစ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာနတွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇွန် ၃ဝ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ရေးဝန်ကြီးကာတာက ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ အဓိကတာဝန်သည် အမိနိုင်ငံကို ကာကွယ်ရန်ဖြစ်သည်။ မရိန်းတပ်သား၊ လေသူရဲများ၊ ရေတပ်သားများနှင့် စစ်သည်တော်များ ဖြစ်လာနိုင်ရန် လူတစ်ဦးတစ်ယောက်၏ အခွင့်အရေးကို ပိတ်ပင်တားဆီးထားသည့် မည်သည့်အရာကိုမျှ လိုလားမှုမရှိကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

တပ်မတော်ထဲတွင် တာဝန်ထမ်းဆောင်လျက်ရှိသော စစ်သမီးများအပါအဝင် လိင်တူဆက်ဆံသူများအား အခွင့်အရေးများပေးနိုင်ရန်အတွက် ပင်တဂွန်စစ်ဌာနချုပ် က ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် ရှေ့တန်းစစ်မျက်နှာပြင်သို့ စစ်သမီးများ တာဝန်ထမ်းဆောင်ခြင်းနှင့် လိင်တူဆက်ဆံသူများ တပ်မတော်ထဲသို့ ဝင်ရောက်တာဝန်ထမ်းဆောင်ရန် တားမြစ်ထားသည့် ပိတ်ပင်မှုများကို ရုပ်သိမ်းလိုက်ပြီဖြစ်သည်။

လိင်တူဆက်ဆံသောအမျိုးသမီးများ၊ လိင်တူဆက်ဆံ သောအမျိုးသားများ၊ လိင်တူ လိင်ကွဲနှစ်မျိုးစလုံးကို စိတ်ဝင်စားသူများအပြင် လိင်ပြောင်းထားသူများစသည့် မည်သူကိုမဆို တပ်မတော်တွင် တာဝန်ထမ်းဆောင်ခွင့်ပြုသည့် ထုတ်ပြန်ချက်ကို ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment