Saturday, July 2, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
လူကုန်ကူးမှုတိုက်ဖျက်ရေးမြန်မာနိုင်ငံ၏ကြိုးပမ်းအားထုတ်မှု

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ  ထုတ်ပြန်သည့်  ၂ဝ၁၆ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ  အစီရင်ခံစာတွင်  မြန်မာနိုင်ငံကို အဆင့်(၂) စောင့်ကြည့်စာရင်းမှ အဆင့်(၃)သို့ လျှော့ချခဲ့ပြီး အိမ်နီးချင်းထိုင်းနိုင်ငံ ကိုမူ လူကုန်ကူးမှုအဆိုးရွားဆုံးစာရင်းမှ ဖယ်ရှားခဲ့သည်။ မြန်မာနိုင်ငံသည် အဆင့်(၂) စောင့်ကြည့်စာရင်းတွင် လေးနှစ်ဆက်တိုက်တည်ရှိနေခဲ့ရာမှ ယခုကဲ့သို့ အဆင့်(၃)သို့ လျှော့ချသတ်မှတ်ခံလိုက်ရခြင်းလည်း ဖြစ်သည်။
လူကုန်ကူးမှုသည် ပြစ်မှုကျူးလွန်သူတို့အတွက် အမြတ်အစွန်းကြီးမား သည်နှင့်အမျှ က္ဘာ့နိုင်ငံအများစုရင်ဆိုင်နေရသော ပြဿနာတစ်ရပ်လည်း  ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူကုန်ကူးမှုဥပဒေကို ၂ဝဝ၅ ခုနှစ်က ပြဋ္ဌာန်းခဲ့ ခြင်းဖြစ်ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကိုမူ ၁၉၉၇ ခုနှစ်ကတည်းကပင်   အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်    စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
လူကုန်ကူးမှုများကို  ပုံစံအမျိုးမျိုးဖြင့်   ကျူးလွန်ကြရာတွင် အဓိက အားဖြင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း၊ လုပ်အားကိုခေါင်းပုံဖြတ်ခြင်း၊ ကျွန်ပြုခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုကို  ထုတ်ယူခြင်းတို့အတွက် ကျူးလွန်ကြခြင်းဖြစ်သည်။ ဤသို့ဖြင့် လူကုန်ကူးခံရသူ အမျိုးသမီး၊ အမျိုးသား၊ ကလေးငယ်များ စသည့်သားကောင်များမှာ အဓမ္မထိမ်းမြား လက်ထပ်ခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ ပင်လယ်ငါးဖမ်းသင်္ဘောများတွင် ကျွန်ပြုခံရခြင်း၊ ကလေးသူငယ်များစစ်မှုထမ်းရခြင်း၊ ပန်းရောင်း၊ ပစ္စည်း ရောင်း၊ တောင်းရမ်းရခြင်း စသည်တို့နှင့် ရင်ဆိုင်ကြုံတွေ့ကြရသည်။ တစ်နည်းအားဖြင့် ခေတ်သစ်ကျေးကျွန်ဘဝသို့ ကျရောက်သွားကြရခြင်း ဖြစ်သည်။
က္ဘာပေါ်တွင် နှစ်စဉ် အမျိုးသမီးနှင့် ကလေးသူငယ် ၂ ဒသမ ၅ သန်းခန့်   လူကုန်ကူးခံကြရကြောင်း၊  အာရှဒေသတစ်ခုတည်းမှာပင် လူကိုးသန်းခန့်မှာ လူကုန်ကူးခံရသူများဘဝ ကျရောက်နေကြရပြီး လူကုန် ကူးမှုများ၏   ၅၄   ရာခိုင်နှုန်းမှာ   အရှေ့တောင်အာရှဒေသတွင်ဖြစ်      ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရသစ်သည် ရွှေ့ပြောင်းအလုပ်သမား များ၊ လူကုန်ကူးခံရသူများနှင့် အဓမ္မစေခိုင်းခံရသူများကို ကာကွယ်နိုင် ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သိသာထင်ရှားသည့် တိုးတက်မှုများကို ရရှိနေသည်။  အဓမ္မစေခိုင်းမှုများပပျောက်ရေး၊ အရွယ် မရောက်သေးသူ ကလေးသူငယ်များအား စစ်ဘက်တွင်စုဆောင်းခြင်းနှင့် အသုံးပြုခြင်းတို့ကို  တားဆီးကာကွယ်ရေးတို့အပြင်  အိန္ဒိယသမုဒ္ဒရာ အတွင်း မျောပါနေခဲ့သည့် ပုံမှန်မဟုတ်သော ရွှေ့ပြောင်းသွားလာသူများ အား မြန်မာနိုင်ငံက   ကယ်ဆယ်စောင့်ရှောက်ခြင်း၊   ပင်ရင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ပြီး ¤င်းတို့၏ ဆန္ဒဖြင့် ပြန်လည်ပို့ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ အိမ်နီးချင်းနိုင်ငံများနှင့် နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုများတွင်  လူကုန်ကူးခံရသူများအား    အကာအကွယ်ပေးမှုဆိုင်ရာ လုပ်ငန်းများတွင် ကောင်းစွာအောင်မြင်လျက်ရှိသည်။
လူကုန်ကူးမှုဖြစ်ပွားရခြင်း၏  အခြေခံအကြောင်းရင်းများအနက် ဆင်းရဲမွဲတေခြင်း၊ ပညာမတတ်ခြင်း၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် ဗဟု သုတ အသိပညာအားနည်းခြင်း စသည်တို့အပြင် မိမိတို့နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်း၊ အိမ်နီးချင်းနိုင်ငံရှိ အလုပ်အကိုင် အခွင့်အလမ်းနှင့်  လုပ်ခလစာ စသည်တို့က ပိုမိုဆွဲဆောင်ခြင်းတို့ကြောင့် ရွှေ့ပြောင်းသွားလာအလုပ်လုပ်ကိုင်ကြရာတွင် တရားမဝင်ရွှေ့ပြောင်းသွား လာရာမှ အကာအကွယ်မဲ့ဘဝရောက်ကြရပြီး အလွဲသုံးစားခံရမှု၊ ခေါင်းပုံ ဖြတ် အမြတ်ထုတ်ခံရမှုတို့ ဖြစ်ပေါ်လာရသည်။
လူကုန်ကူးမှုတိုက်ဖျက်ရေးကို မိမိတို့နိုင်ငံ၏ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်     ဆောင်ရွက်နေသည်။    မြန်မာရွှေ့ပြောင်းအလုပ် သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးအတွက် နိုင်ငံတော်၏   အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်  မကြာမီက  အိမ်နီးချင်းနိုင်ငံရှိ  မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု  တည်ရှိရာဒေသသို့  သွား ရောက်ကာ အလေးဂရုပြုဆောင်ရွက်ခဲ့သည်။ သက်ဆိုင်ရာဌာနများက လည်း လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ အောင်မြင်မှုများ ရရှိသည်နှင့်အမျှ လူကုန်ကူးမှု အဆိုးရွားဆုံး ဟု သတ်မှတ်ခံရမှုမှ လွတ်မြောက်ရမည်မလွဲဟု ယုံကြည်ပါကြောင်း။      ။

No comments:

Post a Comment