Friday, July 1, 2016

နှစ်နိုင်ငံ တပ်မတော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး



The Mirror Daily's photo.


နေပြည်တော် ဇွန် ၃ဝ

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းသည် အီတလီသံအမတ်ကြီး H.E.Mr.Pier Giorglo ALIBERTI အား ယနေ့နံနက် ၉ နာရီခွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ပြုပြင်ပြောင်းလဲရေး၊ ရှေးဟောင်းပစ္စည်းများ မွမ်းမံထိန်းသိမ်းရေး၊ နှစ်နိုင်ငံ တပ်မတော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံရာ၌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်နှင့် တာဝန်ရှိသူများတက်ရောက်ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment