Saturday, July 30, 2016

အိုကီနာဝါကျွန်းရှိ အမေရိကန်တပ်ဖွဲ့က ထိန်းချုပ်သည့် မြေရာကို လွှဲပြောင်းပေးအပ်ရန် ပြင်ဆင်




The Mirror Daily's photo.


တိုကျို ဇူလိုင် ၂၉

အမေရိကန်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများသည် ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း၌ အမေရိကန်စစ်ဘက်က ထိန်းချုပ်ထားသော မြေရာအချို့ကို ဂျပန်အစိုးရအဖွဲ့ထံ ပြန်လည်ပေးအပ်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇူလိုင် ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

အိုကီနာဝါကျွန်း၌ အမေရိကန် စစ်ဘက်က ငှားရမ်းထားသော အရပ်သား ကန်ထရိုက်လုပ်ငန်းရှင် တစ်ဦးက ဒေသခံ အမျိုးသမီးတစ်ဦး ကို သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီးနောက် အမေရိကန် တပ်ဖွဲ့၏ စစ်ရေးတည်ရှိမှုကို ဒေသခံပြည်သူတို့က ကန့်ကွက်မှုများကို တိုးမြှင့်ပြုလုပ်လာနေချိန်တွင် အမေရိကန်တပ်ဖွဲ့၏ ထိန်းချုပ်မှု အောက်ရှိ မြေရာကိုလွှဲပြောင်း ပေးအပ်ရန် စီစဉ်ခြင်းဖြစ်သည်။

အိုကီနာဝါကျွန်းသည် အာရှရှိ အမေရိကန် စစ်စခန်းများအနက် အရေးအပါဆုံး စစ်စခန်းဖြစ်သည်။ အိုကီနာဝါကျွန်းရှိ အမေရိကန် တပ်စခန်းများသည် ကျွန်း၏ နယ်မြေ ငါးပုံတစ်ပုံအထိ နေရာယူထားပြီး အမေရိကန်တပ်ဖွဲ့ဝင် ၃ဝဝဝဝ ရှိ သည်။

အိုကီနာဝါကျွန်းရှိ ဒေသခံ ပြည်သူများ၏ ခံစားချက်များကို မိမိတို့ လေးစားကြောင်း၊ မိမိတို့၏ စစ်ရေးတည်ရှိမှုကို လျှော့ချရမည်ဖြစ်ကြောင်း အိုကီနာဝါ အခြေစိုက် အမေရိကန် တပ်မှူးကြီး ဒုတိယဗိုလ်ချုပ်ကြီး နီကိုဆန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

စစ်ရဟတ်ယာဉ် ဆင်းသက်ရာ ကွင်းသစ်များ တည်ဆောက်ပြီးစီးသည်နှင့် တစ်ပြိုင်နက်တည်း အမေရိကန်စစ်ဘက်က အိုကီနာဝါရှိ တပ်ဖွဲ့သုံးမြေရာ ဟက်တာ ၄ဝဝဝ ကို ဂျပန်အစိုးရအဖွဲ့ထံ ပြန်လည်လွှဲပြောင်း ပေးအပ်မည်ဖြစ်ကြောင်း၊ ယင်းနယ်မြေပမာဏမှာ အမေရိကန်တပ်ဖွဲ့က ထိန်းချုပ်ထားသော နယ်မြေအကျယ်အဝန်း၏ ၁၇ သန်း နှုန်းရှိပြီး ၁၉၇၂ ခုနှစ်အောက်ပိုင်း မြေရာလွှဲပြောင်းပေးမှုများအနက် အကြီးကျယ်ဆုံးဖြစ်ကြောင်း အမေရိကန်တပ်မှူးကြီးက ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment