Saturday, July 30, 2016

အင်ဒိုနီးရှား၌ လူလေးဦးကို မူးယစ်ကုန်ကူးမှုဖြင့် ကွပ်မျက်



The Mirror Daily's photo.


ဂျကာတာ ဇူလိုင် ၂၉
အင်ဒိုနီးရှားနိုင်ငံ၌ မူးယစ်ဆေးဝါးကုန်ကူးသူ နိုင်ဂျီးရီးယားနိုင်ငံသား သုံးဦးအပါအဝင် လူလေးဦးကို ဇူလိုင် ၂၉ ရက် အစောပိုင်းတွင် သေဒဏ်စီရင်ချက်အရ ကွပ်မျက်လိုက်ကြောင်း၊ သို့ရာတွင် နောက်ထပ်ကွပ်မျက် ခံရမည့် မူးယစ်ဆေးဝါး ကုန်ကူးသူ ၁ဝ ဦးကို အဆုံးမစီရင် သေးဘဲ ဆိုင်းငံ့ထားလိုက်ကြောင်း ဒေသဆိုင်ရာ သတင်း ဌာနများက သတင်းထုတ်ပြန်သည်။
ကနဦးအနေဖြင့် လူ ၁၄ ဦး အထိကို လက်မရွံ့ အာဏာပါးကွက်သားများက သေနတ်ဖြင့် ပစ်ခတ်၍ ကွပ်မျက်ရန် စီစဉ်ခဲ့သည်။ သို့ရာတွင် လူ ၁ဝ ဦး၏ အမှုများ နှင့်ပတ်သက်၍ မှားယွင်းသော ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ဖြစ်ပေါ်နိုင်သည့်အတွက် ၎င်းတို့ကို ကွပ်မျက်ခြင်း မပြုသေးဘဲ ဆိုင်းငံ့ထားရန်နှင့် အမှုများကို အပြည့်အဝ ပြန်လည် သုံးသပ်ရန် ညွှန်ကြားလိုက်ကြောင်း ရှေ့နေချုပ် မိုဟာမက် ပရာဆက်ယိုက ပြောကြားသည်။
၁ဝ ဦးပါအဖွဲ့မှ ပါကစ္စတန်တစ်ဦးနှင့် အင်ဒိုနီးရှား အမျိုးသမီးတစ်ဦးတို့ က သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ရရှိရန် အယူခံတင်သွင်းထားကြသည်။
ရိုက်တာ။

No comments:

Post a Comment