Saturday, July 30, 2016

အာဖရိကတိုက်၌ တန်ပြန်အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးအတွက် ကန်ဒေါ်လာ သန်း ၁၂ဝ ဂျပန် ပံ့ပိုးကူညီမည်




The Mirror Daily's photo.


တိုကျို ဇူလိုင် ၂၉

အာဖရိကတိုက်အတွင်း တန်ပြန် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို ထောက်ခံအားပေးရန် ဘဏ္ဍာရေးအကူအညီအဖြစ် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၁၂ဝ ထောက်ပံ့ပေးမည်ဟု ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဖူမီအိုကီရှီဒါက ပြောကြားသည်။

ကီရှီဒါက အဆိုပါကြေညာချက်ကို နယူးယောက်မြို့တော်ရှိ ကုလသမဂ္ဂ ဌာနချုပ်တွင် ဇူလိုင် ၂၈ ရက်က ကျင်းပသော ၎င်းသဘာပတိအဖြစ် ဆောင်ရွက်သည့် အာဖရိကတိုက်တွင် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ပတ်သက်သည့် အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်း အစည်းအဝေးတွင် အာဖရိကတိုက်၌ ကူးစက်ရောဂါများ ကြိုတင်ကာကွယ် ရေးအတွက် ဥက္ကဋ္ဌတစ်ဦး တောင်းဆိုထားသည့် ကျန်းမာရေးစနစ်တစ်ရပ် ဖြစ်ပေါ်လာရေးထုတ်ပြန်ချက် တစ်ရပ်ကို ချမှတ်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်က အကြမ်းဖက်ဝါဒကို ဖြစ်ပေါ်စေနိုင်သော စိတ်ကူးအကြံဥာဏ်များကို လူငယ်များ တွေးခေါ်ခြင်းမှ ကြိုတင်တားဆီးရန် ၎င်းတို့အတွက် အရည်အသွေး မြင့်မားသော ပညာရေး၏ အရေးပါမှု ကို ညွှန်ပြနေသည်။ ဂျပန်နိုင်ငံက ထောက်ပံ့မည့်ငွေကြေးကို လာမည့် နှစ်နှစ်အတွင်း အာဖရိကတိုင်းပြည်များရှိ လူပေါင်း ၃ဝဝဝဝ ခန့်အား လေ့ကျင့်ပေးမှုအပြင် အခြားလုံခြုံရေး ဆိုင်ရာကိစ္စရပ်များအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ကီရှီဒါက ဆိုသည်။

ထုတ်ပြန်ချက်က အာဖရိကတိုက်တွင် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် ပံ့ပိုးကူညီရန် ဂျပန်နိုင်ငံက သံန္နိဋ္ဌာန် ချမှတ်ထားသည်ဆိုသော သတင်းစကားကို ပေးပို့သည့်အပြင် ယခုအစည်းအဝေးက သြဂုတ်လ အတွင်း ကင်ညာနိုင်ငံ၌ကျင်းပမည့် အာဖရိကဖွံ့ဖြိုးရေးဆိုင်ရာ တိုကျိုအပြည်ပြည်ဆိုင်ရာညီလာခံ အောင်မြင်ရေးကို အထောက်အကူပြုစေမည် ဟုမျှော်လင့်ကြောင်း ၎င်းက သတင်းထောက်များသို့ ပြောကြားသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment