Saturday, July 30, 2016

လွှတ်တော်များသည် ဥပဒေပြုအဖွဲ့အစည်းဖြစ်သည့်အတွက် လုပ်ငန်းစဉ်များ ဥပဒေနှင့်အညီ မှန်ကန်စွာဆောင်ရွက်


 
နေပြည်တော် ဇူလိုင် ၂၉
 
မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့(Myanmar Parliamentary Union- MPU) အစည်းအဝေး (၃/၂ဝ၁၆)ကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲ တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင်အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်း၊ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြန်မာနိုင်ငံလွှတ်တော် ဆိုင်ရာအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာ အောင်၊ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ဝင်များဖြစ်ကြသော ပြည်သူ့လွှတ် တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက က တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် များ၌ လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက တင်ပြကြရန်ဖြစ်ကြောင်း၊ လွှတ်တော် ဆိုင်ရာလုပ်ငန်းများ ချောမွေ့အောင်မြင် စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော် ရုံးဝန်ထမ်း ဖွဲ့စည်းပုံ လိုအပ်ပါကြောင်း၊ လွှတ်တော် ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်များ တွေ့ဆုံညှိနှိုင်းဆောင်ရွက် ရမည့် ကိစ္စရပ်များကို မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့သို့ တင်ပြပါက ညှိနှိုင်းအစည်းအဝေးခေါ်ယူကျင်းပပေး မည်ဖြစ်ကြောင်း၊ လွှတ်တော်များသည် ဥပဒေပြုအဖွဲ့အစည်းဖြစ်သည့်အတွက် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ မှန်ကန်စွာဆောင်ရွက် ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလွှတ်တော် ဆိုင်ရာအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက က အစည်း အဝေး (၂/၂ဝ၁၆) ဆုံးဖြတ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံလွှတ်တော် ဆိုင်ရာအဖွဲ့ဝင်များဖြစ်ကြသော တိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများက လွှတ်တော်ဆိုင်ရာ လုပ်ငန်းများအပါအဝင် ညှိနှိုင်းရေးဆွဲ ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ရုံးဝန်ထမ်းဖွဲ့စည်းပုံ (မူကြမ်း) နှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးကြ သည်။
ထို့နောက် မြန်မာနိုင်ငံလွှတ်တော် ဆိုင်ရာအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယက က နိဂုံးချုပ် အမှာ စကား ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။
 
(သတင်းစဉ်)

No comments:

Post a Comment