Friday, July 1, 2016

မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေး တိုင်းဒေသကြီး၊ ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး




The Mirror Daily's photo.


နေပြည်တော် ဇွန် ၃ဝ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန၏ ရက် ၁ဝဝ စီမံကိန်းတွင် ဦးစားပေးဆောင်ရွက်နေသော လူငယ်မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်အရ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ လုပ်ငန်း ဖြစ်မြောက်ရေးလူငယ်ညှိနှိုင်းရေးမှူးများ၊ မြန်မာလူငယ်ဖိုရမ်လုပ်ငန်း အဖွဲ့ဝင်များ၊ UN Joint Team မှ တာဝန်ခံများ၊ ပြည်တွင်းအကြံပေး အဖွဲ့များ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သောအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လူငယ်များကို မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေပြီး နိုင်ငံတော်ကိုအကျိုးပြုမည့် နိုင်ငံ့သားကောင်းများအဖြစ် စနစ်တကျ ပြုစုပျိုးထောင်ပေးရန် လူငယ်များ၏လိုအပ်ချက်များ၊ တောင်းဆိုချက်များ၊ အမြင်များအပေါ်အခြေခံ၍ မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မူဝါဒရေးဆွဲရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ မူကြမ်းရေးဆွဲရေး အဖွဲ့များ ဖွဲ့စည်းထားရှိပါကြောင်း၊ ကော်မတီများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းနိုင်ရေး ယခုလ ဒုတိယပတ်က မုံရွာမြို့တွင်ပြုလုပ်ခဲ့ သည့် မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်များ တွေ့ဆုံပွဲတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ယနေ့ဆွေးနွေးပွဲတက် ရောက်လာသည့် လူငယ်ကိုယ်စားလှယ် များအနေဖြင့် မူဝါဒရေးဆွဲရာတွင် လူငယ်များကိုယ်တိုင်ပါဝင်ရေးဆွဲရန် နှင့် လူငယ်များအကြားဖြစ်ပေါ်နေသော အခက်အခဲများ၊ စိန်ခေါ်မှုများကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပြီး အရည်အသွေးပြည့်ဝသည့် လူငယ်ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရေး အကျေအလည် ဆွေးနွေးကြရန် ဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ် လူငယ်များအတွက် မြန်မာနိုင်ငံ လူငယ်မူဝါဒ ပေါ်ထွန်းလာရေး၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ကလည်း လူငယ်များ၏ ဆန္ဒအတိုင်း ဆောင်ရွက်ရာတွင် ပံ့ပိုးကူညီနိုင်မည့် နည်းလမ်းများကို ဆွေးနွေးပေးရန် ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။

ယင်းနောက် တက်ရောက်လာကြသော တိုင်းဒေသကြီး/ပြည်နယ်လူငယ် ကိုယ်စားလှယ်များက သုံးလတာ ကာလအတွင်း လူငယ်ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရေးဆောင်ရွက်မည့် အစီအစဉ်များနှင့် အခက်အခဲများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ရှေ့ လုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် UN Joint Team မှ ပံ့ပိုးကူညီဆောင်ရွက်မည့်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment