Friday, July 1, 2016

နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲအတွက် IKBZ အာမခံကုမ္ပဏီက အားကစားဝတ်စုံများ ထောက်ပံ့ပေးအပ်





နေပြည်တော် ဇွန် ၃ဝ

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားကွင်း၌ ဇူလိုင် ၁ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများ၏ အုပ်ချုပ်နည်းပြနှင့် အားကစားသမားများအတွက် IKBZ အာမခံ ကုမ္ပဏီက အားကစားဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီ က ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ IKBZ ကုမ္ပဏီအထွေထွေမန်နေဂျာ ဦးသန်းဇော် နှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရှစ်မြို့နယ်မှ အားကစားမှူးများ၊ ပြိုင်ပွဲဝင်မည့် ဘောလုံးအသင်းအုပ်ချုပ်သူနှင့် နည်းပြများ၊ အားကစားသမားများ စုံညီစွာ တက်ရောက်ကြသည်။

ထို့နောက် IKBZ အာမခံကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဦးညိုမြင့်ကိုယ်စား ရှစ်မြို့နယ်အတွက် အားကစားဝတ်စုံများကို အထွေထွေမန်နေဂျာ ဦးသန်းဇော် က ပေးအပ်ရာ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
(ဇော်မင်းအောင်)

No comments:

Post a Comment