Saturday, July 2, 2016

အိုဇုန်းလွှာအပေါက်ကျုံ့သွားသည်ဟု သုတေသီများပြော


Myanmaalinn's photo.
နယူးယောက် ဇူလိုင် ၁

တောင်ဝင်ရိုးစွန်းဒေသပေါ်ရှိ အိုဇုန်းလွှာအပေါက်သည် လွန်ခဲ့သော ၁၅ နှစ်အတွင်း ကျုံ့လာ
ည်ဟု အမေရိကန်ပြည်ထောင်စုနှင့် ယူကေတို့မှ သုတေသီများက ပြောသည်။
မက်ဆာချူးဆက် နည်းပညာ အင်စတီကျူနှင့် အခြားအဖွဲ့အစည်းများ က ၎င်းတို့၏ ရှာဖွေတွေ့ရှိမှုကို သိပ္ပံဂျာနယ်တွင် ကြာသပတေးနေ့က ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။ အိုဇုန်းလွှာသည် လူကိုအ္တရာယ်ဖြစ်စေနိုင်သည့် ခရမ်း လွန်ရောင်ခြည် က္ဘာမြေပေါ်သို့ ကျရောက်လာခြင်းကို အကာအကွယ်ပေးထားသည်။
၁၉၈ဝ ပြည့်နှစ်များမှစ၍ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် အခြားသောဓာတ်ငွေ့ များကြောင့် အိုဇုန်းလွှာပါးလာခဲ့သည်။ အိုဇုန်းလွှာကာကွယ်ရေးအတွက် ၁၉၈၇ ခုနှစ် တွင် နိုင်ငံအများအပြားက လက်မှတ်ရေးထိုးခဲ့ကြသည်။
သုတေသီအုပ်စုသည် ဂြိုဟ်တုမှ အချက်အလက်များကိုကြည့်၍ လေ့လာကာ အိုဇုန်းလွှာအပေါက်၏ အရွယ်အစားကို လေ့လာမှုများပြုလုပ်ခဲ့ကြသည်။ နှစ် စဉ်နှစ်တိုင်း အိုဇုန်းလွှာပေါက်မှာ ကြီးသထက်ကြီးလာခဲ့သည်။
၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလအထိ အိုဇုန်းလွှာ၏ အရွယ်အစားမှာ စတုရန်းကီလိုမီတာ လေးသန်းခန့် ကျုံ့သွားခဲ့သည်ဟု သုတေသီများ က ရှာဖွေတွေ့ရှိခဲ့သည်။ ကမ္ဘာကြီး၏အခြေအနေ တိုးတက်ကောင်းမွန်လာပြီဟု ၎င်းအုပ်စုက အတည်ပြုပြောကြားခဲ့သည်။

(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment