Saturday, July 2, 2016

ယူရို ၁၆၉ ဒသမ ၅၂ သန်းတန်ဖိုးရှိ ကျောက်စိမ်းတွဲပေါင်း ၈ဝ၂ တွဲရောင်းချ



The Mirror Daily's photo.


နေပြည်တော် ဇူလိုင် ၁

(၅၃)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ၌ ယနေ့ဆက်လက်ကျင်းပရာ ကျောက်စိမ်း အတွဲပေါင်း ၆ဝ၆၂ တွဲအနက်မှ စတုတ္ထအကြိမ် အတွဲ ၁ဝဝဝ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြကြရာ ယူရို ၁၆၉ ဒသမ ၅၂ သန်းတန်ဖိုးရှိ ၈ဝ၂ တွဲကို ရောင်းချခဲ့သည်။

ပြပွဲ၏အဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲ ၈ဝ၂ တွဲကို ယူရို ၁၆၉ ဒသမ ၅၂ သန်း ဖြင့် ရောင်းချခဲ့ရသည်။ ယခင်နေ့များက ပုလဲအတွဲ ပေါင်း ၃၁၂ တွဲကို ၃ ဒသမ ၁၂ သန်း၊ ကျောက်မျက်အတွဲပေါင်း ၆၃ တွဲကို ယူရို ၃ ဒသမ ၂၉ သန်းဖြင့်လည်းကောင်း၊ ကျောက်စိမ်း အတွဲ ၆၂၄ တွဲကို ယူရို ၃၆ ဒသမ ၅၆ သန်းဖြင့် လည်းကောင်း၊ ကျောက်စိမ်း ၅၈၉ တွဲကို ယူရို ၆၉ ဒသမ ၇၈ သန်းဖြင့် လည်းကောင်း၊ ကျောက်စိမ်း ၆၈၄ တွဲကို ယူရို ၅၁ ဒသမ ၁၃ သန်းဖြင့်လည်းကောင်း နေ့စဉ်ရောင်းချခဲ့ပြီး ဖြစ်၍ ယနေ့အထိ ပြပွဲမှစုစုပေါင်းရောင်းချရ ငွေမှာ ယူရို ၃၂၆ ဒသမ ၉၉ သန်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပိုမိုအရည်ကောင်းမွန်သောကျောက်စိမ်းအတွဲ ၁ဝဝဝ စီကို ဇူလိုင် ၃ ရက် အထိ နေ့စဉ်ပြသရောင်းချမည်ဖြစ်ပြီး ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ ယူရို ၁ဝ သန်းတန် ကျောက်စိမ်း အပါအဝင် ယူရို ၂ဝဝဝဝ၁ တန်ဖိုး အထက်ရှိ ကျောက်စိမ်းအတွဲများကို ဈေးပြိုင် စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment