Saturday, July 30, 2016

ဂါလာတာစာရေးနဲ့ပွဲမှာ မန်ယူနဲ့အတူ ပထမဆုံးစတင်ကစားဖွယ်ရှိတဲ့ အီဘရာဟီမိုဗစ်


ကောင်းမြတ်သူ-စုစည်းသည်
 
ပီအက်စ်ဂျီတိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ မန်ယူ ကစားသမားတွေနဲ့အတူ ကစားဖို့ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။ ဆွီဒင်တိုက်စစ်မှူး အီ ဘရာဟီမိုဗစ်ဟာ ဒီလဆန်းပိုင်းက ပြင်သစ်ကလပ် ပီ အက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် မန်ယူ သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၃၄ နှစ် အရွယ်ရှိ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ တရုတ်ကို သွားရောက်တဲ့ မန်ယူခရီးစဉ်မှာ လွဲချော်ခဲ့တာပါ။ ယူရို ၂ဝ၁၆ အပြီး တရုတ်ကို သွားရောက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ရာသီအကြိုပွဲတွေမှာ ဖယ်လိုင်နီ၊ ရှဝိန်းစတိန်ဂါ၊ ရှနိုက်ဒါလင်း၊ မာရှယ်တို့နဲ့အတူ ပါဝင် ကစားဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သို့ပေမယ့် မန်ယူနဲ့ တူရကီကလပ် ဂါလာတာစာရေးတို့ ကစားမယ့် ချစ်ကြည်ရေးပွဲမှာတော့ ပါဝင်လာဖွယ်ရှိပါ တယ်။ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ အိုးထရက်ဖို့ဒ် က ခေါ်ယူခဲ့တဲ့ ကစားသမား သုံးဦးဖြစ်တဲ့ ကွင်းလယ် ကစားသမား အမ်ခီတာရန်းနဲ့ နောက်တန်းလူ ဘိုင်လီတို့ အနက် တစ်ဦးလည်းဖြစ်ပါတယ်။ တိုက်စစ်မှူး အီဘရာ ဟီမိုဗစ်ဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့အတူ ဖလားများစွာ ရယူပေးခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပါ တယ်။ သူဟာ ဆွီဒင်လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမားလည်း ဖြစ်ပါတယ်။

No comments:

Post a Comment