Saturday, July 30, 2016

အင်ဒိုနီးရှားနိုင်ငံတွင် မူးယစ်ဆေးဝါးမှုဖြင့် လူလေးဦးကို ခေါင်းဖြတ်ကွပ်မျက်


Myanmaalinn's photo.
ဂျကာတာ ဇူလိုင် ၂၉ 

အင်ဒိုနီးရှားနိုင်ငံသည် မူးယစ်ဆေးကုန် ကူးမှုအပြင် အခြားပြစ်မှုများကျူးလွန်သူ နိုင်ဂျီးရီးယားနိုင်ငံသား သုံးဦးအပါအဝင် လူလေးဦးကို ခေါင်းဖြတ်ကွပ်မျက်ခဲ့ ကြောင်း အင်န်အိတ်ခ်ျကေ သတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။
နိုင်ဂျီးရီးယားနိုင်ငံသား သုံးဦးနှင့် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးတို့ကို ဇူလိုင် ၂၉ ရက်အစောပိုင်းက ခေါင်းဖြတ် ကွပ်မျက်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံတရားစီရင်ရေး အာဏာပိုင်များက ပြောသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြစ်ဒဏ်ကိုဆိုင်းငံ့ထားရန် တောင်းဆိုခဲ့သော်လည်း မအောင်မြင် ခဲ့ပေ။ ထို့အပြင် နိုင်ငံတကာလူ့အခွင့် အရေးအဖွဲ့များကလည်း သေမိန့်မချရန် အင်ဒိုနီးရှားနိုင်ငံအား တောင်းဆိုခဲ့သော် လည်း အချည်းအနှီးဖြစ်ခဲ့သည်။
သမ္မတ ဂျိုကိုဝီဒိုဒိုသည် မူးယစ်ဆေး ဝါးဆန့်ကျင်တိုက်ဖျက်ရာ၌ တိကျ ပြတ်သားသူဖြစ်ပြီး တစ်နေ့လျှင် မူးယစ် ဆေးဝါးဖြန့်ဖြူးမှုဖြင့် လူ ၄ဝ၊ ၅ဝ လောက် သေဆုံးကြောင်းပြောခဲ့သည်။

(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment