Saturday, July 30, 2016

ကိုတင့်တို့စူပါရပ်ကွက် (၂) "စားတယ်"မြန်မာဟာသဇတ်ကားစတင်ပြသ

The Mirror Daily's photo.
မြန်မာ့လူမှုရေးနယ်ပယ်အတွင်း ရပ်ကွက်တစ်ခုရှိ လူမှုဘဝနေထိုင်မှုပုံစံ များနှင့် ဖြစ်တတ်သည့်အလွဲများကို ဖော်ကျူးရိုက်ကူးထားသည့် ကိုတင့်တို့ စူပါရပ်ကွက် ဇာတ်ကား၏ နောက်ဆက်တွဲအဖြစ် ဒါရိုက်တာ ကျော်ဇောလင်း၏ ကိုတင့်တို့ စူပါ ရပ်ကွက်(၂) 'စားတယ်'ဇာတ်ကားကို ရန်ကုန်မြို့ရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီး များတွင် စတင်ရုံတင်ပြသလျက်ရှိသည်။
စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ် လုပ်ပြီး ကာတွန်းကိုရွှေထူး(ပြည်)၏ ရုပ်ပြဇာတ်လမ်းကို ဝတ္ထုဝေသာနှင့် ဇာတ်ညွှန်းကိုကျော်တို့က ပုံဖော် ထားပြီး ဒါရိုက်တာကျော်ဇောလင်း ၏ အတွေးပုံရိပ်အဖြစ် 'စားတယ်' ဇာတ်ကားတွင် ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံး၏ အဖွဲ့ဝင် ကိုတင်မောင်တင့် (ခေါ်) ကိုတင့်၏ ထုံးစံအတိုင်း ရပ်ကွက်အတွင်းမှ သဘာဝအရှုပ် အထွေးများကို စေတနာရှေ့ထား ဖြေရှင်းပေးလေ့ရှိသော်လည်း ဇနီး ဖြစ်သူနှင့် ယောက္ခမတို့၏ အထင် ကြီးမှုကိုမရခဲ့သော ကိုတင့်အကြောင်းကို အဓိကပုံဖော်ထားသော ဟာသ ဇာတ်ကားဖြစ်သည်။
ယင်းဇာတ်ကားတွင် အဓိက သရုပ်ဆောင်များအဖြစ် အရိုင်းနှင့် မိုးပြည့်ပြည့်မောင်တို့က ပါဝင်သရုပ် ဆောင်ထားပြီး အကယ်ဒမီရဲအောင်၊ ရာဇာနေဝင်း၊ အကယ်ဒမီလွင်မိုး၊ အကယ်ဒမီမင်းဦး၊ အကယ်ဒမီ ခန့်စည်သူ၊ နေမျိုးအောင်၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ဖိုးချစ်၊ နေထူးနိုင်၊ Wai လျှံ၊ အကယ်ဒမီ ခိုင်သင်းကြည်၊ သင်ဇာဝင့်ကျော်၊ အေးမြတ်သူ၊ မိုးယုစံ၊ စံရတီမိုးမြင့်၊ ယွန်းရွှေရည်နှင့် သရုပ်ဆောင်များစွာ က ပါဝင်အားဖြည့်ထားသည်။
ယခင်ထွက်ရှိခဲ့ပြီးဖြစ်သည့် ကိုတင့် တို့ စူပါရပ်ကွက် ဟာသဇာတ်ကားသည် ရုပ်ရှင်ချစ်ပရိသတ်အတွင်း အောင်မြင်စွာ ထိုးဖောက်ဝင်ရောက် နိုင်ခဲ့သည့် ဟာသကားတစ်ကားဖြစ်ပြီး ယခု နောက်ဆက်တွဲဇာတ်ကားကို လည်း ဆက်လက်ကြည့်ရှုခံစားနိုင် ကြမည်ဖြစ်သည်။
အဆိုပါ ဟာသဇာတ်ကားကို ရှေ့ဆောင်၊ မင်္ဂလာစံပြနှင့် မင်္ဂလာ Cineplex 1 2 3 4၊ ဂမုန်းပွင့်၊ မင်္ဂလာ ဒိုင်းမွန်းနှင့် မင်္ဂလာထွန်းသီရိ ရုပ်ရှင်ရုံတို့တွင် ဇူလိုင် ၂၉ ရက် (ယနေ့)တွင် စတင်ရုံတင်ပြသလျက် ရှိသည်။
ဆက်လက်ပြီး ပြသဆဲ မြန်မာ ဇာတ်ကားဖြစ်သည့် လူငယ်ပညာပေး ဇာတ်ကား 'ခိုးဆိုးလုနှိုက်' ဇာတ်ကား ကိုလည်း ဆက်လက်ရုံတင်ပြသပေး လျက်ရှိသည်။ ခိုးဆိုးလုနှိုက်ဇာတ်ကား ကို ပုံဖော်ခြယ်မှုန်းသူမှာ ဒါရိုက်တာ စတီးဖြစ်ပြီး မြင့်မြတ်၊ နေဒွေး၊ ထွန်းထွန်း၊ ခင်လှိုင်၊ ရဲအောင်နှင့် သင်ဇာဝင့်ကျော်တို့က အဓိကပါဝင် သရုပ်ဆောင်ထားသည်။
(ဖြိုးစန္ဒာမြင့်)

No comments:

Post a Comment