Saturday, July 2, 2016

ကလေးများ ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်စတင်




The Mirror Daily's photo.


နေပြည်တော် ဇူလိုင် ၁

တစ်နှစ်အောက်ကလေးများ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ယခင် ကိုးမျိုးအပြင် ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကာကွယ်ဆေး (Pneumo- coccal Conjugate Vaccine- PCV)စတင် ထည့်သွင်း ထိုးနှံခြင်းဗဟိုအဆင့် ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ဝန်ကြီးရုံး၌ ယနေ့နံနက် ၈ နာရီခွဲက ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် နိုင်ငံသားတိုင်း လက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက် နည်းဗျူဟာများချမှတ်ပြီး ဆောင်ရွက် လျက်ရှိကြောင်း၊ ယခင်က(၁)နှစ်အောက် ကလေးများ ကာကွယ်ဆေး ထိုး အစီအစဉ်တွင် ကာကွယ်ဆေး ကိုးမျိုးသာ ထိုးနှံပေးလျက်ရှိရာမှ ယနေ့မှစ၍ ပြင်းထန်အဆုတ်ရောင် ရောဂါပိုး ကာကွယ်ဆေး(PCV)ကိုပါ ကလေးအသက် နှစ်လ၊ လေးလ၊ ခြောက်လအရွယ်တို့၌ သုံးကြိမ်ထိုးနှံ ပေးမည်ဖြစ်၍ ယခုအခါ ကလေး တစ်ဦးလျှင် ကာကွယ်ဆေး ၁ဝ မျိုး ထိုးရတော့မည်ဖြစ်ပြီး အဆိုပါ PCV ကာကွယ်ဆေးနှင့် ပတ်သက်သော ပညာပေးအချက်အလက်များကို မီဒီယာများမှတစ်ဆင့် ပြည်သူအနေဖြင့် အခွင့်အရေးတစ်ရပ်အဖြစ် ခံယူကာ မိမိတို့၏ ရင်သွေးငယ်များကို ကာကွယ်ဆေးထိုး စုရပ်များသို့ ခေါ်ဆောင်ကာ ထိုးနှံပေးစေလိုကြောင်း ပြောကြားသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ နှစ်စဉ် မွေးကင်းစမှ အသက်(၁)နှစ်အောက်ကလေးများကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်အရ ကိုးမျိုးဖြစ်သည့် တီဘီဦးနှောက် အမြှေးရောင်ရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင် ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ) ရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုး ရောဂါနှင့် ပြင်းထန်ဦးနှောက် အမြှေးရောင်ရောဂါ၊ အဆုတ်ရောင် ရောဂါများဖြစ်ပွားမှုမှ ကာကွယ်ပေးလျက်ရှိရာ ယခုအခါ ပြင်းထန် အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေး (PCV)စတင် ထည့်သွင်းထိုးနှံ ခြင်းကို ဗဟိုအဆင့်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး တစ်နိုင်ငံလုံး လူတိုင်းလက်လှမ်း မီသော ကျန်းမာရေးဖြစ်စေရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက တိုက်တွန်းမှာကြားသည်။

ထို့နောက် အလှူရှင်အဖွဲ့အစည်း ဖြစ်သည့်(GAVI)၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့(UNICEF)နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)တို့မှ ဌာနေကိုယ်စားလှယ်အသီးသီး တို့က မြန်မာနိုင်ငံတွင် ကူညီဆောင်ရွက်လျက်ရှိသော ကာကွယ်ဆေးထိုး လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ PCV ကာကွယ်ဆေးအတွက် နိုင်ငံတော်က အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၈ သန်းကျော် ကုန်ကျခံထိုးနှံပေးခြင်းဖြစ်ပြီး ၂ဝ၁၆-၂ဝ၁၇ ခုနှစ် ဘဏ္ဍာနှစ်အတွက် ကလေးများ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများအတွက် လျာထားမှုမှာ ၆ ဒသမ ၇ သန်းခန့်ရှိ၍ ကလေး တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ခုနစ် ဒေါ်လာ အကုန်အကျခံကာ ထိုးနှံပေး နေသဖြင့် မိဘ၊ ဆရာညီညာပူးပေါင်း ဂရုစိုက်ရန်လိုကြောင်း၊ ကာကွယ် ဆေးထိုးပေးထားခြင်းဖြင့် ကလေးများ ကျန်းမာရေးကောင်းပြီး ကလေးမိဘများအနေဖြင့် ဆေးခန်းပြရန် အချိန် မကုန်၊ ပိုက်ဆံလည်းမကုန်ဘဲ ရောဂါ ကင်း၍ ဥာဏ်ရည်ဖွံ့ဖြိုးမှုတိုးတက်စေသော အနာဂတ်မျိုးဆက်သစ် လူငယ်များဖြစ်လာပြီး နိုင်ငံတော်အတွက် အကျိုးများစေကြောင်းနှင့် ဆေးသိုလှောင်ထိန်းသိမ်းပုံ၊ ဆေးသယ် ဆောင်ပုံ၊ ဆေးထိုးနည်းစနစ် မှန်ကန် ရေးဖြင့်သာ အောင်မြင်မှုကို တိုင်းတာ သိရှိနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ထမ်း ဆရာ ဆရာမများကိုလည်း ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက် ပြောကြားခဲ့သည်။

ဝေးလံဒေသများအထိ NGO ၊ INGO ၊ အစိုးရ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများပူးပေါင်း၍ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများပါ နိုင်ငံသား အားလုံး ကလေးများတစ်ယောက်မျှ မကျန် ပါဝင်နိုင်ရန် ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်ပေးရန်လိုကြောင်း ပြောကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment