Saturday, July 2, 2016

ပညာရေးဝန်ထမ်းများအား ကတ်စနစ်ဖြင့် လစာဝန်ဆောင်မှုစတင်ပေး



The Mirror Daily's photo.


နေပြည်တော် ဇူလိုင် ၁

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့တို့ရှိ ပညာရေးဝန်ကြီးဌာနမှ အရာရှိများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများ၏ လစာများကို ဇွန် ၃ဝ ရက်မှ စတင်ကာ ကမ္ဘောဇဘဏ်၏ Explore Debit Card ကိုအသုံးပြု၍ နိုင်ငံအတွင်း ကမ္ဘောဇ ATM စက်များ၊ KBZ On The Move ကားများဖြင့် ဆရာ ဆရာမများ လစာကို အဆင်ပြေ လွယ်ကူစွာထုတ်ယူ နိုင်ရန်အတွက် ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။

ကမ္ဘောဇဘဏ်လီမိတက် Card ဌာနမှ အထွေထွေမန်နေဂျာ ဒေါ်ဆွေဇင်ဝင်းက ''ကနဦးအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့တို့မှ ဆရာ ဆရာမတွေရဲ့ လစာကို Card နဲ့ပေးမှာဖြစ်ပါတယ်။ အရင်က ဆရာ ဆရာမတွေအနေနဲ့ ပုံမှန်လစာထုတ်တဲ့အချိန်မှာ Cheque တွေနဲ့ ဘဏ်တွေမှာ ထုတ်ယူကြပါ တယ်။ အဲဒီအခက်အခဲတွေ အဆင်ပြေ စေဖို့အတွက် Card စနစ်နဲ့ပေးခြင်း ဖြစ်ပါတယ်'' ဟု ပြောသည်။ ရန်ကုန်မြို့ ဒဂုံအထက(၁)မှ ဆရာမ တစ်ဦးက ''KBZ Explore Debit Card ကို ခုမှစသုံးဖြစ်တာလေ။ အသုံးပြုပုံကိုလည်း ဝန်ထမ်းတွေက တစ်ဆင့်ချင်းရှင်းပြတော့ အဆင်ပြေ ပါတယ်။ Card ကို အသုံးပြုပြီးတော့လည်း ဈေးဝယ်လို့ရတယ် ဆိုတော့ ဆရာမတို့အတွက် ပိုကောင်း ပါတယ်။ ဆရာမဆို လစာထုတ်ပြီ ဆိုတာနဲ့ စုမိအောင်မနည်းချွေတာ ရတာလေ။ ခုဆို ကိုယ်လိုသလောက်ပဲ ထုတ်ပြီး ကျန်တာကို စုထားလို့ရတယ်။ အတိုးပါရဦးမယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာမိပါတယ်''ဟု ပြောသည်။

ကမ္ဘောဇဘဏ်လီမိတက်သည် ကနဦးဝန်ဆောင်မှုအဖြစ် Card အရေ အတွက် ၅ဝဝဝ ကျော်ကို ပြုလုပ်ပေးပြီးဖြစ်ရာ ဆက်လက်၍လည်း မြန်မာတစ်နိုင်ငံလုံးရှိ ပညာရေးဝန်ထမ်းများ၏ လစာကို အဆင်ပြေ လွယ်ကူစွာ ထုတ်ယူနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။ ယခု စမ်းသပ်ကာလတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ တက္ကသိုလ်များ၊ State High School များ၊ ကောလိပ်များမှ ဆရာ ဆရာမများ သာမက ပညာရေးဝန်ထမ်းအားလုံးကို Account များဖွင့်ပေးပြီး Card စနစ်ဖြင့် အသုံးပြုနိုင်ရန် ဝန်ဆောင်မှုမျာ ပေးလျက်ရှိကြောင်း သိရသည်။
(ဝ၁ဝ)

No comments:

Post a Comment