Saturday, July 30, 2016

စလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာ လျှပ်စစ်ဓာတ်အားရရှိရေး ပထမဦးစားပေးအဆင့်အဖြစ် ဆောင်ရွက်ရန်လျာထား


နေပြည်တော်    ဇူလိုင်   ၂၉

စလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာအနက် ၁၇ ရွာသည် ဓာတ်အားစနစ်မှ နှစ်မိုင်အတွင်း ဓာတ်အားရယူနိုင်သော ကျေးရွာများဖြစ်သည့်အတွက် အမျိုး သားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း ၏ ပထမဦးစားပေးအဆင့်တွင် ထည့်သွင်း လျာထားပြီးဖြစ်ပါကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးဖေဇင်ထွန်းက မကွေးတိုင်း ဒေသကြီး    မဲဆန္ဒနယ်   အမှတ်(၆)မှ ဦးဝင်းမောင်၏   ''မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာ မီးလင်းရေးအတွက် ဆောင်ရွက်ပေးမည့် အစီအစဉ်ကို သိလိုကြောင်း'' မေးခွန်း နှင့်စပ်လျဉ်း၍        ရှင်းလင်းဖြေကြား သည်။
အဆိုပါ စီမံကိန်းအား  ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်မှစတင်၍ နှစ်နှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပြီး မြေနီကုန်း၊ ပေါင်းတူးတောင် နှင့်  ပေါင်းတူးမြောက်၊  ပေါက်ဥကုန်း၊ ပေါက်ရင်းကုန်း၊ ရွာမှတ်၊ ပုလဲ၊ ဘီးဇပ်(ခ)ကြူဝန်း၊  ကြက်သကိုင်၊  တောင်ကန်၊ လက်ပကန်၊     အရှေ့ချောင်းဖြူ(ခ)ငှက်ပျောအိုင်၊  အုတ်ဖို၊   ဂွေးပင်ဇင်၊ ဆည်ကန်၊   မောင်ကော့ကန်၊   မြောင်း ကောက်နှင် ရုံးပင်ကျေးရွာ  ၁၇ ရွာအပြင် ကျန်ရှိနေသည့် စလောင်းကျေးရွာအား လျှပ်စစ်ဓာတ်အား   ရရှိနိုင်ရန်အတွက် ဒုတိယအဆင့်တွင် ထည့်သွင်းလျာထား ပါကြောင်း     ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၏  ''၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ ရေးနှစ်တွင် မွန်ပြည်နယ် ရေးမြို့နယ်သို့ မဟာဓာတ်အားလိုင်း   သွယ်တန်းခြင်း လုပ်ငန်း ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိလိုကြောင်း''   မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက မွန်ပြည်နယ် ရေးမြို့နယ်သို့ မဟာဓာတ် အားလိုင်း သွယ်တန်းပေးမည့် ၂၃ဝ ကေဗွီ မော်လမြိုင်-ရေး-ထားဝယ်ဓာတ်အား လိုင်းစီမံကိန်းကို   အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေဖြင့်    ဆောင်ရွက်ရန် အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနသို့ ညှိနှိုင်းထားပြီးဖြစ်၍ ခွင့်ပြုချက် ရရှိပါက ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ်   မဲဆန္ဒနယ်အမှတ် (၇)မှ ဦးကျော်သိန်း၏   ''ရခိုင်ပြည်နယ် မောင်တောမြို့     လျှပ်စစ်ဌာနအတွက် တစ်လလိုအပ်မည့် စက်သုံးဒီဇယ်ဆီ ဂါလန် ၂၂၆ဝ   ခန့်ခွင့်ပြုပေးရန်  အစီအစဉ် ရှိ/မရှိနှင့် ၂ဝ၁၇ ခုနှစ်တွင် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များ သို့   မဟာဓာတ်အားလိုင်းမှ   လျှပ်စစ် ဓာတ်အား   ဖြန့်ဖြူးပေးရန်  အစီအစဉ် ရှိ/မရှိ''       မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ရခိုင်ပြည်နယ်    မောင်တောမြို့အား လက်ရှိတွင် ၁ဝဝဝ ကေဗွီအေစက် တစ်လုံး၊ ၅ဝဝ    ကေဗွီအေ    ဓာတ်အားပေးစက် တစ်လုံး     စုစုပေါင်း    စက်နှစ်လုံးဖြင့် ဓာတ်အားဖြန့်ဖြူးပေးထားပါကြောင်း၊ ထို့ပြင် ၃ဝဝ ကေဗွီအေ ဓာတ်အားပေးစက် တစ်လုံးကိုလည်း အရန်ဓာတ်အားပေး စက်အဖြစ်ထားရှိကာ   တစ်ရက်လျှင် ဌာနမှ လေးနာရီနှင့် မီးလင်းရေးကော်မတီ မှ တစ်နာရီ စုစုပေါင်း ငါးနာရီဖြင့် လျှပ်စစ် မီးသုံးသူ ၁၈၁၆ ဦးအား   ဓာတ်အားဖြန့်ဖြူး ပေး လျက်ရှိပြီး    ဌာနမှ  ဒီဇယ်ဆီ  တစ်လ လျှင်      ၄၇ဝ၆     ဂါလန်       ထောက်ပံ့ပေး လျက်ရှိပါကြောင်း    ရှင်းလင်းဖြေကြား သည်။
ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် ဓာတ် အားစနစ်ဖြင့်    ချိတ်ဆက်၍    လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခြင်း မရှိသေး သော မြို့နှင့်ကျေးရွာများအား ဓာတ်အား ရရှိသုံးစွဲနိုင်စေရန် ဒီဇယ်စက်ကြီးများဖြင့် လျှပ်စစ်ဓာတ်အားရရှိနိုင်ရေး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဒီဇယ်စက်ဖြင့် ဓာတ်အားပေးထားသော   မြို့များအား လစဉ်   ဆီခွဲဝေထောက်ပံ့မှုများသည် နှစ်အလိုက်    ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မောင်တောမြို့သည်    ဌာနမှ   လက်ရှိ ဒီဇယ်ဆီ ထောက်ပံ့ပေးနေသော မီးပေး ချိန်အများဆုံးမြို့များတွင် ပါဝင်ကြောင်း၊ ထပ်မံ၍   တစ်လလျှင်   ဒီဇယ်ဆီဂါလန် ၂၂၆ဝ ခန့်အား ခွင့်ပြုပေးနိုင်ရန်အတွက် ဖြည့်စွက်ရန်ပုံငွေတွင်     လျာထား ထည့်သွင်း       တောင်းခံသွားမည်ဖြစ် ကြောင်း၊ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ဆက်လက်   ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ သက်ဆိုင်ရာ ဒေသအာဏာပိုင် နှင့် မြို့မီးလင်းရေးကော်မတီတို့၏ အစီ အစဉ်အရ ဌာနပိုင်မီးစက်များကို အသုံး ပြု၍ မီးပေးချိန်တိုးမြှင့်ခြင်းကို ဆောင်ရွက် နိုင်ပါကြောင်း။
ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီး တောင်၊ မောင်တောမြို့နယ်များသို့ မဟာ ဓာတ်အားလိုင်းမှ    လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန်အတွက် အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း ၂၃ဝ ကေဗွီ ဓာတ်အားလိုင်း အား ၂ဝ၁၄  ခုနှစ် နိုဝင်ဘာ  ၂၅  ရက်  တွင် ပို့လွှတ်ထားပြီးဖြစ်ပါကြောင်း၊ ၂၃ဝ ကေဗွီ     ပုဏ္ဏားကျွန်းဓာတ်အားခွဲရုံမှ တစ်ဆင့်    ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော ၆၆ ကေဗွီ ဓာတ်အားလိုင်း ၇၈   မိုင်ခန့်နှင့်   ရသေ့ တောင်၊ ဘူးသီးတောင်၊ မောင်တော ၆၆ ကေဗွီ ဓာတ်အားခွဲရုံများအတွက် ၂ဝ၁၅-၂ဝ၁၆    ဘဏ္ဍာရေးနှစ်တွင်     ရန်ပုံငွေ ၂  ရာခိုင်နှုန်းနှင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ ရေးနှစ်တွင်    ရန်ပုံငွေ   ၃  ရာခိုင်နှုန်း စုစုပေါင်း    ၅  ရာခိုင်နှုန်းသာရရှိခဲ့ပြီး ဓာတ်အားလိုင်း အူကြောင်းတိုင်းတာခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထပ်မံလိုအပ်သော ရန်ပုံငွေများ ကို နှစ်အလိုက်လျာထားဆောင်ရွက်သွား မည်ဖြစ်ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် တွင် ရန်ပုံငွေရရှိမှုကိုမူတည်ပြီး လုပ်ငန်း များပြီးစီးအောင် လျာထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း     ပြည်ထောင်စု ဝန်ကြီးက ဖြေကြားသည်။
ချင်းပြည်နယ်    မဲဆန္ဒနယ်အမှတ် (၁၁)မှ ဦးဝှေ့တင်း၏   ''ချင်းပြည်နယ် ပလက်ဝမြို့တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိနိုင်အောင် ဆောင်ရွက်ပေး ရန် အစီအစဉ်  ရှိ /မရှိ''    သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍    ပြည်ထောင်စု ဝန်ကြီး   ဦးဖေဇင်ထွန်းက   လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ပ္ဏုားကျွန်း-ကျောက်တော် (၆၆)ကေဗွီဓာတ်အား လိုင်းနှင့်  ဓာတ်အားခွဲရုံစီမံကိန်းအား ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၄  ခုနှစ် နိုဝင်ဘာလ တွင်         ဓာတ်အားပို့လွှတ်ပြီးဖြစ်ပါ ကြောင်း။
ကျောက်တော်မှတစ်ဆင့် ပလက်ဝ ဒေသသို့ ဓာတ်အားစနစ်မှ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ ရေးနှစ်တွင်   ဆောင်ရွက်ရန်  လျာထားခဲ့ သော်လည်း   နိုင်ငံတော်၏   ဘဏ္ဍာငွေ ခွဲဝေပေးနိုင်မှုအခြေအနေအရ ဆောင် ရွက်ပေးနိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် ဆက်လက် လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား သည်။

(သတင်းစဉ်)

No comments:

Post a Comment