Saturday, July 30, 2016

မြန်မာ-နယ်သာလန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေး

Myanmaalinn's photo.
 နေပြည်တော် ဇူလိုင် ၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Wouter Robert Marie Jurgen အား လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်ပေါင်း ၆ဝ ကျော်ကြာမြင့်သည့် နှစ်နိုင်ငံဆက်ဆံရေးအခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုအခြေအနေ၊ လက်ရှိလျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာမှုရှိရေးနှင့် တိုင်းပြည်တည်ငြိမ်ရေး အတွက် တပ်မတော်မှ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုအခြေအနေ၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု အခြေအနေ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေး ကြသည်။

(မြဝတီ)

No comments:

Post a Comment