Saturday, July 30, 2016

နိုင်ငံတော်အစိုးရက အုပ်ချုပ်ရေးယန္တရားစီမံခန့်ခွဲမှုပုံစံအသစ်ကို ကောင်းမွန်စွာအကောင်အထည်ဖော်နိုင်ရေးဆောင်ရွက်လျက်ရှိ


 
နေပြည်တော်    ဇူလိုင်    ၂၉

ဗဟိုဝန်ထမ်းတက္ကသိုလ်များ၌  ဖွင့်လှစ် နေသည့် သင်တန်းများနှင့်  ဘာသာရပ် ပို့ချမှုများအပေါ် ပြန်လည်သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ၂ဝ၁၆ ခုနှစ် မေ ၂ ရက်နှင့် ၃ ရက်တို့တွင် ကျင်းပခဲ့ကြောင်း၊ နိုင်ငံတကာတွင်     ကျင့်သုံးနေသည့်       ပြည်သူ့ဝန်ထမ်းလေ့ကျင့်ရေးကျောင်း များမှ ဘာသာရပ်ပို့ချမှုများကို လေ့လာ သုံးသပ်ပြီး  UNDP ၊ EU(GOPA) ၊  World Bank ၊ KOICA ၊ APCICT၊ Hanns Seidel Foundation  စသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ ပညာရှင် များနှင့် ပူးပေါင်းကာ လက်ရှိအုပ်ချုပ်ရေး ယ္တရားအသစ်နှင့်အညီ သင်ရိုးòန်းတမ်း များ ပြင်ဆင်ရေးဆွဲဆောင်ရွက်လျက်ရှိ ပါကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက ယနေ့တွင် ကျင်းပသည့်   ဒုတိယအကြိမ်  ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး    အင်းစိန် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၏ အောက်မြန်မာပြည် ဖောင်ကြီးဝန်ထမ်းတက္ကသိုလ်နှင့် အထက် မြန်မာပြည် ဇီးပင်ကြီးဝန်ထမ်းတက္ကသိုလ် တို့၌   ပြဋ္ဌာန်းသင်ကြားလျက်ရှိသည့် သင်ရိုးòန်းတမ်းများအား     အသွင် ကူးပြောင်းရေးကာလနှင့် လိုက်လျောညီ ထွေမှုရှိပြီး    ဒီမိုကရေစီသဘောတရား များနှင့် ကိုက်ညီသော သင်ရိုးòန်းတမ်း များဖြင့်  ပြောင်းလဲအစားထိုးသင်ကြား ရန် အစီအစဉ် ရှိ/မရှိ  မေးခွန်းနှင့်စပ်လျဉ်း ၍   ဒေါက်တာဝင်းသိမ်းက   ယင်းသို့ ရှင်းလင်းပြောကြားခြင်းဖြစ်သည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေ ဖြင့်  နိုင်ငံတော်အစိုးရက ဆောင်ရွက် လျက်ရှိသည့်    အုပ်ချုပ်ရေးယန္တရားစီမံ ခန့်ခွဲမှုပုံစံအသစ်ကို     ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရေး၊    အသွင် ကူးပြောင်းရေးကာလနှင့် လိုက်လျောညီ ထွေမှုရှိပြီး ဒီမိုကရေစီသဘောတရားများ နှင့်ကိုက်ညီသော သင်ရိုးòန်းတမ်းများ ဖြင့်   ပြောင်းလဲအစားထိုးသင်ကြားနိုင် ရေးအတွက် ဗဟိုဝန်ထမ်းတက္ကသိုလ်များ တွင်    သက်ဆိုင်ရာသင်တန်းအသီးသီး အလိုက် ပို့ချနေသော သင်ရိုးòန်းတမ်း များကို     သုံးသပ်ပြင်ဆင်ရေးဆွဲခြင်း လုပ်ငန်းများအား   အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊
ထို့ပြင် ပြည်သူ့ဝန်ထမ်းအကယ်ဒမီ ဖွင့်လှစ်နိုင်ရေးအတွက် ဟန်းစ်ဆိုင်ဒယ် ဖောင်ဒေးရှင်း၊  ကိုရီးယားအပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)  ၊     ကမ္ဘာ့ဘဏ်၊ ဂျပန်နိုင်ငံ ပြည်သူ့ရေးရာမူဝါဒဆိုင်ရာတက္ကသိုလ် စသည့် အဖွဲ့အစည်းများနှင့်လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှု မဟာ ဗျူဟာ လုပ်ငန်းဆောင်ရွက်မှုအစီအစဉ် ရေးဆွဲခြင်းနှင့်    နိုင်ငံ့ဝန်ထမ်းများ၏ ကိုယ်ကျင့်သိက္ခာ    တန်းတူအခွင့်အရေး ရရှိမှုနှင့်   အရည်အချင်းအလိုက်  ချီးမြှင့် မြှောက်စားမှုဆိုင်ရာ သဘောထားအမြင် စစ်တမ်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်း စဉ်များကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)   နှင့်  လည်းကောင်း၊     ဗဟို ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်ပို့ချ လျက်ရှိသော   အဆင့်မြင့်အရာထမ်းစီမံ ခန့်ခွဲမှုသင်တန်းနှင့် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းများတွင် ပို့ချလျက်ရှိသော    ဘာသာရပ်ဆိုင်ရာ သင်ရိုးòန်းတမ်းနှင့်   သင်ရိုးဇယားများ ရေးဆွဲခြင်း ၊ ပြည်ပမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ လာရောက်ပို့ချ နိုင်ရေးအတွက်   ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီ အစဉ် (UNDP) ၊    ဥရောပသမဂ္ဂမူဝါဒ ဆိုင်ရာ           အကြံပေးအဖွဲ့အစည်းEU(GOPA)၊   ကမ္ဘာ့ဘဏ်    စသည့်   နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ကောင်း   ပူးပေါင်းညှိနှိုင်းပြီး     အလုပ်ရုံ ဆွေးနွေးပွဲများကျင်းပခြင်း၊ သင်တန်းပို့ချ ပေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိ ပါကြောင်းကိုလည်း  ရှင်းလင်းပြောကြား သည်။
ဂန့်ဂေါမဲဆန္ဒနယ်မှ    လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်တင်သွင်း သည့်  မကွေးတိုင်းဒေသကြီး  အနောက် ပိုင်းရှိ      သစ်တောပြုန်းတီးမှုများနှင့် သဘာဝပတ်ဝန်းကျင်     ပျက်စီးမှုများ အား ထိန်းသိမ်းစောင့်ရှောက်ပေးပါရန် ပြည်ထောင်စုအစိုးရအား    တိုက်တွန်း ကြောင်း အဆိုနှင့်စပ်လျဉ်း၍ လေးမျက်နှာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းက    မိမိတို့နိုင်ငံသည် ရေခံမြေခံကောင်းပြီး ရာသီဥတုညီညွတ် ကာ   စိုက်ပျိုးရေးကို   အခြေခံသောနိုင်ငံ တစ်ခုဖြစ်ပါကြောင်း၊ ပထဝီအနေအထား အရလည်း  ပင်လယ်၊ တောင်တန်း၊ မြစ်၊ ချောင်း၊   အင်း၊  အိုင်၊   လွင်ပြင်စသည့် သဘာဝကပေးထားသော တန်ဖိုးမဖြတ် နိုင်သည့် အရာများနှင့်လည်း ပြည့်စုံပါ ကြောင်း၊    သစ်တော  သစ်ပင်၊ ရေချိုနှင့် ငါးသယံဇာတများ၊ တွင်းထွက်သယံဇာတ များလည်း   အများအပြားရှိပါကြောင်း၊ ကျန်သည့် သယံဇာတများသည် ထုတ်ယူ သုံးစွဲပြီးပါက ကုန်ဆုံးပျောက်ကွယ်သွား တတ်သော်လည်း သစ်တောသစ်ပင်များ သည် ခုတ်ယူသုံးစွဲပြီး ပြန်လည်စိုက်ပျိုး ထူထောင်ပါက  မူလအတိုင်း ပြန်လည် ရရှိနိုင်သည့် ထူးခြားသည့်အချက်  ဖြစ်ပါ ကြောင်း၊ လူသားများနှင့် သစ်ပင်များ သည်   အပြန်အလှန်အကျိုးပြုနေကြပါ ကြောင်း၊ ယနေ့ မိမိတို့အသုံးပြုနေသည့် အရာဝတ္ထု     တော်တော်များများသည် သစ်တောသစ်ပင်မှ  ရရှိသည့်  အရာများ ပင် ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံနည်းတူ    က္ဘာ့နိုင်ငံ များစွာတွင်လည်း သစ်တောပြုန်းတီးမှု များသည် ကြောက်ခမန်းလိလိ မြင့်တက် လာနေကာ  က္ဘာမြေကြီးကို အ္တရာယ် များနှင့်     ရင်ဆိုင်ရစေပါကြောင်း၊ ထို့အတွက်  တစ်က္ဘာလုံးအတိုင်းအတာ ဖြင့် ၁၉၇၄ ခုနှစ်မှ  စတင်ကာ  ဇွန်လ ၅ ရက်နေ့ကို က္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့အဖြစ် သတ်မှတ်ပြီး ဆောင်ရွက်ခဲ့ သည်မှာ နှစ်ပေါင်း ၄ဝ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အထိုက်အလျောက်သာ ကာကွယ်နိုင်ကြောင်းကို      တွေ့ရှိရပါ ကြောင်း၊   အိမ်နီးနားချင်း  သီရိလင်္ကာ နိုင်ငံတွင်  တစ်နိုင်ငံလုံး    အတိုင်းအတာ အားဖြင့် သစ်ပင်များကို လွယ်လင့်တကူ ခုတ်ခွင့်မပြုပါကြောင်း၊    ကိုယ့်အပင် ကိုယ်ခုတ်မည်ဆိုပါက    အစိုးရဌာန အဆင့်ဆင့်တင်ပြပြီး ခွင့်ပြုချက်ရမှသာ လျှင် ခုတ်ခွင့်ပြုပါကြောင်း၊ ဥပဒေအရ ထိရောက်တင်းကျပ်စွာ အရေးယူသကဲ့သို့ ပြည်သူများကိုလည်း  သဘာဝဝန်းကျင် ဂေဟစနစ်နှင့်ပတ်သက်သည့် ဗဟုသုတ များကို စနစ်တကျ ဖြန့်ဝေအသိပေးထား သည်ကိုလည်း    တွေ့ရှိရပါကြောင်းဖြင့် အဆိုရှင်၏      အဆိုအပေါ်    ထောက်ခံ ဆွေးနွေးသည်။
တပ်မတော်သား      လွှတ်တော် ကိုယ်စားလှယ်     ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျက မိမိတို့နိုင်ငံသည် သဘာဝ သယံဇာတများဖြစ်သည့် မြေဆီသြဇာ ကြွယ်ဝသည့်   မြေယာ၊   သစ်မျိုးစုံနှင့် သစ်တောထွက်ပစ္စည်းများ၊  ရေသယံဇာ တ၊ ဓာတ်သတ္တုသယံဇာတနှင့် ဇီဝမျိုးစုံ မျိုးကွဲများနှင့် ပေါကြွယ်ဝသည့်  နိုင်ငံဖြစ် ပါကြောင်း၊ သယံဇာတများ ပေါကြွယ်ဝ ခြင်းသည်     လူသားများ    ရပ်တည်နေရ သည့် သက်ရှိလောကအတွက်  အစား အစာ၊ ရေ၊ စွမ်းအင်ဖူလုံမှုနှင့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ  အခွင့်အလမ်းများ စသည့်       အခြေခံလိုအပ်ချက်များကို  စဉ်ဆက်မပြတ်    ပံ့ပိုးပေးလျက်ရှိပါ ကြောင်း၊ ဖော်ပြပါ သယံဇာတများတွင် ပါဝင်သည့် သစ်တောသယံဇာတသည် ရာသီဥတုပြောင်းလဲမှုကြောင့်    ဖြစ်ပေါ် လာသည့်   ဆိုးကျိုးသက်ရောက်မှုများ၊ သဘာဝဘေးအ္တရာယ်များကို လျော့ နည်းသွားစေသည့်  ကြားခံများအဖြစ် လည်း     ရပ်တည်ကာကွယ်ပေးလျက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဂေဟစနစ် နှင့် ဇီဝမျိုးစုံမျိုးကွဲများဖြစ်သည့် တောရိုင်း တိရ္ဆာန်နှင့်   အပင်မျိုးစုံသည်  လူသား များအပါအဝင် သက်ရှိလောကအတွက် စားနပ်ရိက္ခာနှင့်   လောင်စာ၊   သစ်၊ ဝါး အစရှိသည့်        ကုန်ကြမ်းပစ္စည်းများ၊ အခြေခံဆေးဝါးများကို      သဘာဝ အလျောက်   အခမဲ့ထောက်ပံ့ပေးသည့်၊ ဝန်ဆောင်မှုပေးသည့်၊ သက်ရှိ ထောက်ပံ့ ပေးသည့်    ပစ္စည်းများဖြစ်ပါကြောင်း၊ အဆိုပါဂေဟစနစ်များသည် သက်ရှိများ ရေရှည်ရပ်တည်နိုင်ရန်အတွက် အဓိက မရှိမဖြစ်လိုအပ်သည့် သဘာဝအထောက်
အပံ့များဖြစ်ပြီး လေနှင့်ရေကို သန့်စင်ပေး ခြင်း၊ အဆိပ်အတောက်များကို ဖယ်ရှား ပေးနိုင်ခြင်း၊ ရေလွှမ်းမိုးမှုကို လျော့နည်း စေခြင်း၊ မုန်တိုင်းဒဏ်ကို ကာကွယ်ပေး ခြင်း၊   ရာသီဥတုကို   ထိန်းညှိပေးခြင်း၊ အနားယူအပန်းဖြေနိုင်ခြင်း၊    သဘာဝ အလှအပများ ပေးစွမ်းနိုင်ခြင်း  စသည့် အကျိုးကျေးဇူးများကို ရရှိစေသည်ဖြစ်ပါ ကြောင်းဖြင့် ထောက်ခံဆွေးနွေးသည်။
အဆိုရှင်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၏ အဆိုတင်သွင်းမှုအပေါ် သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ပြန်လည်ဖြေကြား ရာတွင်    မကွေးတိုင်းဒေသကြီးအတွင်း ဂန့်ဂေါ၊     ပခုက္ကူ၊   မကွေး၊  မင်းဘူးနှင့် သရက်ခရိုင်တို့ပါဝင်ကာ    ဧရိယာဧက ၁၁ဝ၇၅၄ဝ၅   ဧက ၊ ၁၇၃ဝ၅ ဒသမ ၃၂ စတုရန်းမိုင်     ကျယ်ဝန်းပါကြောင်း၊ သစ်တောဖုံးလွှမ်းမှုအနေဖြင့် ဧက ၅ ဒသမ ဝ၇ သန်းရှိပြီး တိုင်းဒေသကြီး ဧရိယာ၏ ၄၅ ဒသမ ၈၂ ရာခိုင်နှုန်း ရှိပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သစ်တော ပျက်စီးပြုန်းတီးမှု လျော့နည်းသက်သာစေ ရေးနှင့် သစ်တောအတန်းအစား တိုးမြှင့် လာစေရန် ရည်ရွယ်လျက် ပုဂ္ဂလိကနှင့် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ    တည် ထောင်စိုက်ပျိုးလျက်ရှိရာ  မကွေးတိုင်း ဒေသကြီးအတွင်း နိုင်ငံပိုင်စိုက်ခင်းအဖြစ် ၁၉၈၁-၁၉၈၂  ခုနှစ်မှ ၂ဝ၁၅-၂ဝ၁၆ ခုနှစ် အထိ စီးပွားရေး  ကျွန်းစိုက်ခင်းအပါအဝင် သစ်မာ၊ ကျေးရွာထင်းစိုက်ခင်း၊ ရေဝေ ရေလဲ၊ စက်မှုကုန်ကြမ်းစိုက်ခင်း  ဧရိယာ စုစုပေါင်း ဧက ၂၇၂၄၉ဝ နှင့်  ပုဂ္ဂလိက စိုက်ခင်းအဖြစ်   ၂ဝဝ၇-၂ဝဝ၈    ခုနှစ်မှ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်အထိ ကျွန်းနှင့်သစ်မာ စုစုပေါင်း ၁၂၅၉၄  ဧက   အသီးသီး တည်ထောင်စိုက်ပျိုးပြီး   ဖြစ်ပါကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်အတွက်   နိုင်ငံပိုင် စိုက်ခင်းအဖြစ်  ကျွန်း၊   ရေဝေရေလဲ၊ ကျေးရွာထင်းစိုက်ခင်း   စုစုပေါင်း ဧက ၁ဝဝဝ နှင့် ပုဂ္ဂလိကစိုက်ခင်းအဖြစ် စီးပွား ရေးကျွန်းနှင့်   သစ်မာစိုက်ခင်းစုစုပေါင်း ၁၅၅၇ ဧက    တည်ထောင်စိုက်ပျိုးရန်     စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ဖြေကြားသည်။
ပြည်ထောင်စုဝန်ကြီး၏   ရှင်းလင်း ဖြေကြားချက်အပြီးတွင်    အဆိုရှင် ဒေါ်ယဉ်မင်းလှိုင်က  ¤င်း၏   အဆိုအား မှတ်တမ်းတင်    စောင့်ကြည့်ပေးပါရန် လွှတ်တော်သို့   ပန်ကြားရာ    ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက     လွှတ်တော်၏သဘောတူညီမှုရယူပြီး အဆိုကို မှတ်တမ်း တင်    စောင့်ကြည့်ရန်   အတည်ပြုပေး သည်။ 

(သတင်းစဉ်)

No comments:

Post a Comment