Friday, July 29, 2016

ပြည်သူ့အတွက် ပထမရက် ၁ဝဝ ဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲများကို ဝန်ကြီးဌာနများစုစည်း၍ ဆောင်ရွက်သွားမည်




 
 
နေပြည်တော် ဇူလိုင် ၂၈

ပြည်သူ့အတွက် ပထမရက် ၁ဝဝ ဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲ များကို ဝန်ကြီးဌာနများ စုစည်း၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မီဒီယာသမားများအပါအဝင် ပြည်သူ များအနေဖြင့် နိုင်ငံတော်အစိုးရသစ်၏ ရက် ၁ဝဝ အတွင်း ပြောင်းလဲမှုများကို သိရှိနိုင်စေရေးအတွက် ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြား သည်။

နိုင်ငံတော်အစိုးရသစ်၏ ပြည်သူ့ အတွက် ပထမရက် ၁ဝဝ သတင်းစာ ရှင်းလင်းပွဲများ ဆောင်ရွက်ပြီးပါက ပုံမှန် သတင်းစာရှင်းလင်းပွဲများကို ယခုကဲ့သို့ ဝန်ကြီးဌာနများစုစည်း၍ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီးရုံး၌ တစ်လတစ်ကြိမ် လုပ်ဆောင်နိုင်ရေး လျာထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အစိုးရဝန်ကြီးဌာန များအနေဖြင့် အများပြည်သူ၊ မီဒီယာ များနှင့် ထိတွေ့ ပြီး ပွင့်လင်းမြင်သာသော အစိုးရဖြစ်သည်ကို တည်ဆောက်နိုင်ရန် လိုကြောင်း၊ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်များ၏ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ချိတ်ဆက်ထားသည့် ကွန်ရက်သည် မိမိဝန်ကြီးဌာနများ၏ ကိစ္စများကိုသာမက လုပ်ငန်းသဘော သဘာဝ ဆက်စပ်သည့် ဝန်ကြီးဌာန များနှင့် ပေါင်းစပ်၍ ပြည်သူလူထုနှင့် မီဒီယာများက သိရှိလိုမှုများကို ပူးပေါင်း ကာ သတင်းပြန်ကြားပေးခြင်းဖြင့် ပြည်သူ့အကျိုးစီးပွားကို ထိရောက်စွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

နိုင်ငံတော်အစိုးရသစ်၏ ပြည်သူ့ အတွက် ပထမရက် ၁ဝဝ ကာလအတွင်း ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဗဟို အဖွဲ့ အစည်းများအလိုက် ဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အတွက် သတင်းစာရှင်းလင်းပွဲများ ကျင်းပနိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးဝန်ကြီး ဌာန ဝန်ကြီးရုံး၌ ကျင်းပစဉ် ပြည်ထောင်စု ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

အစည်းအဝေးသို့ ဝန်ကြီးဌာနများ နှင့် ဗဟိုအဖွဲ့အစည်းများမှ ပြောရေး ဆိုခွင့် ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး ပြည်သူ့အတွက် ပထမရက် ၁ဝဝ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် သတင်းစာရှင်းလင်းပွဲ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆွေးနွေး အကြံပြု ခဲ့ကြသည်။
(သတင်းစဉ်)



No comments:

Post a Comment