Friday, July 29, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်အားပေး



 
 
 
နေပြည်တော် ဇူလိုင် ၂၈

၂ဝ၁၆ ခုနှစ် အဋ္ဌမအကြိမ် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဝ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်း၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်အားပေး သည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေ မှုကို ကြည့်ရှုအားပေးသည်။

ပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို လေးဂိုး - တစ်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။
ထို့နောက် ဆုပေးပွဲကိုကျင်းပရာ အကောင်းဆုံး ဂိုးသမား ဆုကို ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ထူးကိုက လည်းကောင်း၊ အကောင်းဆုံးနောက်တန်းဆုကို ပြန်ကြားရေး ဝန်ကြီးဌာနအသင်းမှ ဇင်ဘိုမင်းကလည်းကောင်း၊ အကောင်း ဆုံး အလယ်တန်းဆုကို ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ဇော်မျိုးလင်းကလည်းကောင်း၊ အကောင်းဆုံးရှေ့တန်းဆုကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းမှ ကျော်လွင်ဦးက လည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဘောလုံး သမားဆုကို ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ အာကာစိုး ကလည်းကောင်း အသီးသီးရရှိကြရာ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ငွေသားနှင့် တစ်ဦးချင်းဆုများကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် အသန့်ရှင်းဆုံးအသင်းဆုရရှိသည့် ကာကွယ် ရေးဝန်ကြီးဌာနအသင်းအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်ကလည်းကောင်း၊ တတိယဆုရရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အသင်းအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်းအား ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ကလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပထမဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းအား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း က တစ်ဦးချင်းဆုနှင့် ငွေသားဆုများကိုလည်းကောင်း၊ တံခွန်စိုက်ဒိုင်းဆုကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ကလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ဘောလုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း
အနားသို့ နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်စုစုလွင်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားဝါသနာရှင် များ တက်ရောက်အားပေးကြသည်။

(သတင်းစဉ်)

No comments:

Post a Comment