Friday, July 1, 2016

ထင် သာ မြင် သာ ပြု ပြင် စ ရာ


ဆင်ချောင်း-ဇီးကုန်းကျေးရွာချင်းဆက် တံတားတစ်စင်းပျက်စီးနေ၍ သက်ဆိုင်ရာမှဆောင်ရွက်ပေးရန် ဒေသခံများလိုလား
Myanmaalinn's photo.
 ရေစကြို ဇွန် ၃ဝ

ရေစကြိုမြို့နယ် ဆင်ချောင်း-ဇီးကုန်း ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းမကြီး ပေါ်မှ တံတားတစ်စင်း ပျက်စီးနေ၍ ဒေသခံများသွားလာရေး အခက်အခဲ ဖြစ်နေကြရကြောင်းနှင့် မြစ်ရေတက် ချိန်တွင် လူနှင့်ဆိုင်ကယ်များသွားလာ နိုင်ရေး ကိုယ့်အားကိုယ်ကိုး သစ်သား တံတားတည်ဆောက်နေကြောင်း သိရ သည်။
''ဆင်ချောင်း-ဇီးကုန်းကျေးရွာချင်း ဆက်ကုန်ထုတ်လမ်းမပေါ်က တံတား တစ်စင်းဟာ ၂ဝ၁၅ ခုနှစ်မှာ ချင်းတွင်း မြစ်ရေတိုက်စားလို့ ပျက်စီးသွားခဲ့ပါ တယ်။ တစ်နွေလုံးအောက်လမ်းက လူ၊ ကား၊ ထော်လာဂျီ၊ သုံးဘီး၊ ဆိုင်ကယ် တွေသွားလို့ရပေမယ့် အခုချင်းတွင်း မြစ်ရေက တိုးနေတော့ နတ်တော်၊ ပြာသိုလအထိ သွားလာရေးအခက်အခဲ ဖြစ်တော့မှာဆိုတော့ လူနဲ့ဆိုင်ကယ်တွေ သွားလာလို့ရအောင် ဇီးကုန်းကျေးရွာ သာသနာ ဝိသုဒ္ဓနကျောင်းတိုက် နာယက ဆရာတာ် ဦးပညာသာမိ ဦးဆောင်မှုနဲ့ ဇီးကုန်းကျေးရွာသားတွေ စုပေါင်းပြီး တိုင်အလုံး ၅ဝခန့်အရှည်ပေ ၄ဝဝ ခန့်ရှိတဲ့ သစ်သားတံတား တည်ဆောက်နေပါ တယ်။ သစ်သားတံတားတည်ဆောက်ပြီး သွားရင်တော့ လူနဲ့ဆိုင်ကယ်တွေ သွား လို့ရပေမယ့် ကားတွေ၊ ထော်လာဂျီ တွေ၊ သုံးဘီးတွေတော့သွားလို့ မရပါဘူး။ ဒေသခံတွေရဲ့ ကျန်းမာရေးပြဿနာ ကြုံတွေ့လာရင် ကားနဲ့ သွားလို့မရတဲ့ အတွက် အခက်အခဲရှိနိုင်သလို ဒေသ ထွက်သီးနှံတွေ ဈေးကွက်ကိုအချိန်မီပို့ ဆောင်ရောင်းချရာမှာလည်း အခက်အခဲရှိ နေပါတယ်။
''ဒီလမ်းကိုအားပြုပြီး ကျွန်းပိုင်း ဒေသတွေဖြစ်တဲ့ ဇီးကုန်း၊ ဇီးကုန်းကျွန်း အလယ်သောင်၊ သူဌေးကုန်း၊ ဇီးကွဲ ကျွန်း၊ ဂွက်ကြီး၊ ဟင်္သာကျွန်း၊ ဘုမ္မ၊ ရဿာကျွန်း၊ ကိုရင့်၊ ကန်ဒေါင့်၊ မထိ၊ ကျော်ထင်ကုန်းစတဲ့ကျေးရွာပေါင်း ၃၇ ရွာက ဒေသခံပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့ အတွက် အဓိကထားသွားလာနေရတဲ့ လမ်းဖြစ်ပါတယ်။ အခုအခါမှာ ဒေသခံ ပြည်သူတွေသွားလာရေး အခက်အခဲဖြစ် နေတဲ့အတွက် သက်ဆိုင်ရာက အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ဒေသခံတွေက လိုလား နေကြပါတယ်''ဟု ကျေးရွာအုပ်ချုပ်ရေး မှူး ဦးကျော်ဝင်းက ပြောသည်။

ဖေထွဏ်းဇော်-ရေစကြို

No comments:

Post a Comment