Friday, July 1, 2016

အားကစားသမားများ ပြိုင်ပွဲအတွေ့အကြုံရရှိရန် ပြည်တွင်းပြိုင်ပွဲများကျင်းပပေး ပရိသတ်များ၏ ဖိအားပေးမှုဒဏ်ခံနိုင်ရေး အထူးလေ့ကျင့်ပေးရန် လမ်းညွှန်မှာကြား



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ရှိ အားကစားတက္ကသိုလ်နှင့် အားကစားလေ့ကျင့်ရေးစခန်းများအား ကြည့်ရှုစစ်ဆေး

Myanmaalinn's photo.
 နေပြည်တော် ဇွန် ၃ဝ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့လက်ရွေးစင်အားကစားသမားများ စခန်းသွင်းလေ့ကျင့် လျက်ရှိသည့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)အား ယနေ့ညနေ ၃ နာရီခွဲတွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာမြင့်ထွေးတို့နှင့်အတူ အားကစားတက္ကသိုလ်ရှိ ရုံးခန်းများ၊ အစည်းအဝေးခန်းမ၊ စာသင်ဆောင်များအား ကြည့်ရှုစစ်ဆေးရာ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဝန်ထမ်း များနှင့် Multi Purpose Hall ၌ ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ အားကစား အရည်အချင်းသတ်မှတ်ချက်ကို မေးမြန်းရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Fitness Center (GYM)ခန်းမ၌ မြန်မာ့ လက်ရွေးစင် အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ (၁၉)ကြိမ် မြောက် အရှေ့တောင်အာရှ လူငယ် ဘော်လီဘောပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ကြမည့် အမျိုးသားလူငယ် ဘော်လီဘော အားကစားသမားများအား ပြိုင်ပွဲဝင် အသင်းများနှင့် မိမိအသင်းတို့၏ အားနည်းချက်၊ အားသာချက်များကို မေးမြန်းပြီး မြန်မာအားကစားသမားများ ပြိုင်ပွဲအတွေ့အကြုံရရှိရန် ပြည်တွင်း ပြိုင်ပွဲများ ကျင်းပပေးနိုင်ရေး၊ ပရိသတ်၏ ဖိအားပေးမှုဒဏ်ခံနိုင်ရေးနှင့် ပြိုင်ပွဲဝင် အားကစားသမားများ ပြိုင်ပွဲယှဉ်ပြိုင် နေစဉ် စိတ်တည်ငြိမ်မှုရှိစေရေးအတွက် အထူးလေ့ကျင့်ပေးရန် လမ်းòန်မှာကြား ခဲ့သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အားကစားသမားများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်လျက်ရှိသော Sports Medical Center သို့ ရောက်ရှိပြီး ပြင်ပလူနာကုသရေးဌာန၊Physiother-apy ဌာန၊ အကြောပြင်ဌာန၊ ကိုယ်ခန္ဓာ အချိုးအစားတိုင်းတာရေးဌာန၊ အဆုတ် နှင့်နှလုံးကြံ့ခိုင်မှုဆန်းစစ်ရေး ဌာနတို့၌ ခေတ်မီစက်ကိရိယာများဖြင့် အားကစား အထောက်အကူပြု စစ်ဆေးကုသမှုများ ကို ကြည့်ရှုစစ်ဆေးရာ အားကစားနှင့် ဆေးဘက်ဌာနခွဲ တာဝန်ခံòန်ကြားရေး မှူးက လိုက်လံရှင်းလင်းပြသသည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံတကာ အားကစားသမားများ လာရောက် ယှဉ်ပြိုင်ရာတွင် တည်းခိုနေထိုင်သည့် Cluster 5 အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment