Saturday, July 30, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မက္ကဆီကို၊ နယ်သာလန်နှင့် ပေါ်တူဂီနိုင်ငံတို့မှ သံအမတ်ကြီးများခန့်အပ်လွှာပေးအပ်


 နေပြည်တော် ဇူလိုင် ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော မက္ကဆီကို ပြည်ထောင်စုနိုင်ငံသံအမတ်ကြီး မစ္စတာ ရိုဂယ်လီရိုဂရန် ဂေလ်ဟုမ်းမော်ဖင်းသည် ယနေ့နံနက် ၁ဝ နာရီတွင် လည်းကောင်း၊ နယ်သာလန်နိုင်ငံသံအမတ်ကြီး မစ္စတာ ဝေါင်တာ ရောဘတ်မာရီရာဂန်စ်သည် ယနေ့ နံနက် ၁ဝ နာရီခွဲတွင် လည်းကောင်း၊ ပေါ်တူဂီနိုင်ငံ သံအမတ်ကြီး မစ္စတာ ဖရန်စစ္စကိုဗာ့စ် ပါတိုကို သည် ယနေ့ နံနက် ၁၁ နာရီတွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ¤င်းတို့၏ သံအမတ်ခန့်အပ်လွှာများကို ပေးအပ်ကြသည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကိုကိုနိုင်တို့ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment