နေပြည်တော် ဇူလိုင် ၂၈
အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အား ရန်ကုန်မြို့လယ်ကောင်ရှိ ပြည်သူများ အလွယ်တကူ ဝင်ထွက်သွားလာနိုင်သည့်နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းအုံ၊ နိုင်ငံတော်သမ္မတရုံး ခေတ္တညွှန်ကြားရေး မှူးချုပ် ဦးဝင်းကျော်အောင်နှင့် သမ္မတ ဦးစီးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် က္ဘာအေးဘုရား လမ်းမကြီး သီရိမင်္ဂလာရိပ်သာလမ်း အမှတ် ၈၅(က)တွင် ဖွင့်လှစ်ထားရှိသော အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အား အများပြည်သူ အလွယ်တကူ သွားလာ အသုံးပြုနိုင်မည့် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့ နယ်
အမှတ် (၆ဝ၄/၆ဝ၈) ကုန်သည်လမ်းရှိ အဆောက်အအုံသို့ ပြောင်းရွှေ့အသုံးပြုခွင့်ပြုလိုက်ကြောင်း သိရသည်။
ယင်းကဲ့သို့ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အား ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းနာယက ဆရာ ဦးသော်ကောင်းက အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ကို ရန်ကုန်မြို့ ခြောက်မိုင်ခွဲရှိ လမ်းကြားလေးတွင် ချောင်ထိုးခံ နေရသဖြင့် အများပြည်သူအသုံးပြုနိုင်အောင် မြို့လယ်သို့ ပြန်ပို့ ရန် လိုနေကြောင်း၊ ယခင်က Jubilee Hall , City Hall , ခြောက်ထပ်ရုံးတွင်ထားစဉ်က လူသုံးများခဲ့ကြောင်း၊ မနှစ်က လည်း မြို့လယ်ရှိ အဆောက်အအုံဟောင်းတစ်ခုခုကို အမျိုးသား စာကြည့်တိုက်(ရန်ကုန်)အတွက် သုံးစွဲခွင့်ပေးရန် တင်ပြခဲ့ဖူး သော်လည်း မရရှိခဲ့ကြောင်း၊ ယခု သမ္မတ ဦးထင်ကျော် အစိုးရ အနေဖြင့် ပြည်သူလူထုအတွက် အဆင်ပြေမည့် ရန်ကုန်မြို့လယ် မှ အဆောက်အအုံတစ်ခု စီစဉ်ပေးပါရန် မေတ္တာရပ်ခံခဲ့ပါကြောင်း မေ ၁၂ ရက်တွင် စာတစ်စောင် ရေးသားပေးပို့ခဲ့သည်ဟု သိရ သည်။
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) တွင် စာအုပ်စာတမ်း ပေါင်း ၁၇၂၅၅၆၊ စာနယ်ဇင်း စုစုပေါင်း ၄၃၅၅၈ဝ ကျော်၊ ပေ ပုရပိုက် ၁၂၃၂၃၊ လက်ရေးစာ ၃၄၅၊ ရှားပါးစာစု ၂၅၄၆၈ နှင့် အခြားစာစုများကို စုဆောင်းထားရှိပြီး ပြည်သူများအား စာပေ၊ ယဉ်ကျေးမှု၊ သမိုင်း စသည့် ပညာရပ်ဆိုင်ရာ အကြောင်းအရာ၊ အချက်အလက်များအတွက် ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
၁၉၅၂ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ဘားနဒ် အခလွတ်စာကြည့်တိုက်ကို လွှဲပြောင်းလက်ခံခဲ့ပြီး ၁၉၅၂ ခုနှစ် ဇွန် ၁ ရက်တွင် နိုင်ငံတော်စာကြည့်တိုက်အမည်ဖြင့် ရန်ကုန်မြို့ ဂျူဗလီဟောတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အမျိုးသား စာကြည့်တိုက်ဟု အမည်ပြောင်းလဲခဲ့ပြီး ပန်းဆိုးတန်းလမ်းရှိ အဆောက်အအုံ၊ ရန်ကုန်မြို့တော်ခန်းမ၊ ကမ်းနားလမ်း ခြောက်ထပ်ရုံး၊ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့် လေးဒေါင့်ကန်လမ်းရှိ အဆောက်အအုံများသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။
၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် တာမွေမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက် အဆောက်အအုံ ပျက်စီးသွားသဖြင့် ရန်ကင်းမြို့နယ် က္ဘာအေးဘုရားလမ်း အမှတ် ၈၅ (က) သီရိ မင်္ဂလာရိပ်သာလမ်းရှိ ယခင် သစ်တောရေးရာဝန်ကြီးဌာနရုံး အဆောက်အအုံဟောင်းနှစ်ခုတွင် ဖွင့်လှစ်ထားရှိခြင်း ဖြစ်သည်။
မြန်မာနိုင်ငံစာကြည့်တိုက်အသင်းဥက္ကဋ္ဌ ဦးသန်းအောင်နှင့် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးတို့ကလည်း အမျိုးသားစာကြည့်တိုက် (ရန်ကုန်)အား ရန်ကုန်မြို့လယ်ရှိ သင့်လျော်သည့် အဆောက် အအုံတစ်ခုခုကို အသုံးပြုခွင့်ပြုရေးနှင့် ပတ်သက်၍ မေ ၆ ရက် တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ စာရေးသားပေးပို့တင်ပြ ခဲ့ကြသည်။
အဆိုပါစာတွင် လက်ရှိဖွင့်လှစ်ထားသော စာကြည့်တိုက် အဆောက်အအုံသည် အများပြည်သူ၏ မြင်ကွင်းနှင့်ဝေးသော သီးခြားဝင်းအတွင်း နေရာတွင်ရှိသဖြင့် ပြည်သူများအလွယ်တကူ လာရောက် ဖတ်ရှုရန် ခက်ခဲသောကြောင့် သုတေသီများမှလွဲ၍ အများပြည်သူလာရောက်ဖတ်ရှုမှုနည်းကြောင်း၊ ထို့ပြင် ရုံး အဆောက်အအုံဖွဲ့စည်းမှုဖြစ်သဖြင့် စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အခက်အခဲများ ရှိခြင်း၊ အမျိုးသားစာကြည့်တိုက် ပြယုဂ်နှင့် ကိုက်ညီမှုမရှိခြင်းတို့ ဖြစ်ပေါ် လျက်ရှိကြောင်း။
နိုင်ငံတကာတွင် အမျိုးသားစာကြည့်တိုက်များသည် ပြည်သူလူထု အလွယ်တကူ ဝင်ထွက်သွားလာနိုင်သည့် နေရာ များတွင် တည်ရှိကြပြီး နိုင်ငံတော်၏ စာပေအမွေအနှစ်များကို ထိန်းသိမ်းရာနှင့် အများပြည်သူ သုတေသနပြုနိုင်သော ဂုဏ်ယူ စရာ ပြယုဂ်အဖြစ် တည်ရှိလျက်ရှိကြောင်း၊ အများပြည်သူ အလွယ်တကူ သွားလာအသုံးပြုနိုင်မည့် နိုင်ငံ့ဂုဏ်ဆောင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အား ရန်ကုန် မြို့လယ်တွင် ပေါ်ပေါက်လာရန်အတွက် သင့်လျော်မည့် ရန်ကုန်မြို့လယ်ရှိ အဆောက်အအုံတစ်ခုခုကို အသုံးပြုခွင့်နှင့် ပတ်သက်၍ လမ်းညွှန်မှုပြုနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါကြောင်း ဖော်ပြ ပါရှိသည်။
ယခုကဲ့သို့ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အား ရန်ကုန်မြို့လယ်တွင် ဖွင့်လှစ်ခွင့်ပြုလိုက်ခြင်းနှင့် ပတ်သက်၍ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းအုံက ''အမျိုး သား စာကြည့်တိုက်(ရန်ကုန်) ပြောင်းရွှေ့မယ်လို့လျာထားတဲ့ အဆောက်အအုံက နှစ် ၁ဝဝ ကျော်ရှိတဲ့ ရှေးဟောင်း အဆောက် အအုံဖြစ်ပါတယ်။ အများသူတွေ သိသာမြင်သာတဲ့ အဆောက် အအုံဖြစ်သလို ဝင်ထွက် သွားလာလွယ်ကူတဲ့နေရာဖြစ်တဲ့အတွက် အမျိုးသားစာကြည့်တိုက်ဖွင့်ဖို့အတွက် အင်မတန်သင့်လျော်တဲ့ နေရာဖြစ်တယ်။ အဲဒါအပြင် အမျိုးသားစာကြည့်တိုက်ဆိုတာ ပြည်သူလူထုအတွက်Capacity Buildingအထောက်အကူ ပြုတဲ့ စာအုပ်စာတမ်းတွေ မြောက်မြားစွာရှိတဲ့ ဗဟုသုတဟင်းအိုး ကြီးနေရာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်အတွက် ဂုဏ်ယူ စရာပြယုဂ်တစ်ခုအဖြစ် တည်ရှိသွားမယ့် အဆောက်အအုံဖြစ်လို့ ဒီလိုနေရာမျိုးကို ရွှေ့မယ်ဆိုရင် ပြည်သူလူထုအတွက် အများကြီး ကောင်းတဲ့နေရာ ဖြစ်ပါတယ်''ဟု ပြောကြားသည်။
မြန်မာနိုင်ငံစာကြည့်တိုက်အသင်းဥက္ကဋ္ဌ ဦးသန်းအောင်က လည်း ''အလွန်ဝမ်းသာပါတယ်။ အဲဒီလိုဖြစ်စေချင်တာ ကြာပါပြီ။ ဟိုတလောက စာပေဗိမာန်မှာLibrary Forum တစ်ခုလုပ် တယ်။ အဲဒီမှာ စာဖတ်သူတစ်ယောက်က မေးတယ်။ နေပြည် တော် မှာရှိတဲ့ အမျိုးသားစာကြည့်တိုက်ကို ပြန်ရွှေ့ဖို့ရှိပါသလား လို့။ ဆရာကြီး ဦးသော်ကောင်းက မရှိပါဘူး၊ နေပြည်တော်မှာ လည်း အမျိုးသားစာကြည့်တိုက်ရှိရပါမယ်။ ဒါပေမယ့် ရန်ကုန်မှာ ရှိတဲ့ အမျိုးသားစာကြည့်တိုက်ကလည်း သီးခြားတစ်ခု ဖြစ်တယ်။ အဲဒါက ရန်ကင်းက ဟိုးနောက်ဘက်လမ်းကြားလေးမှာ ရောက် နေတယ်။ လူမသိတဲ့နေရာရောက်နေတာမို့ မြို့ထဲကိုရောက် အောင် ရွှေ့ပါမယ်လို့ ဖြေပါတယ်။ အခု ကျွန်တော်တို့ ကြိုးစား တဲ့ဟာလေး အောင်မြင်သွားတော့ ဝမ်းသာပါတယ်။
''ဒီနေ့မှာ ကျွန်တော်တို့ ဒီမှာ (၁၇) ကြိမ်မြောက် အရှေ့ တောင်အာရှ စာကြည့်တိုက်မှူးများညီလာခံ ပထမအကြိမ် အမှု ဆောင် အဖွဲ့အစည်းအဝေးကို စတင်ကျင်းပနေပါတယ်။ နိုင်ငံ ၁၁ နိုင်ငံက လာတက်ရောက်နေပါတယ်။ ၂ဝ၁၈ခုနှစ် (၁၇)ကြိမ် မြောက် ညီလာခံ CONSALလုပ်ဖို့အတွက် အကြိုညှိနှိုင်း အစည်းအဝေးပါ။ ဒီမှာ အမျိုးသားစာကြည့်တိုက်တွေရဲ့ ညွှန်ကြားရေးမှူးတွေ အကုန်လုံးပါတယ်။ နိုင်ငံတွေအားလုံး ရဲ့ အမျိုးသားစာကြည့်တိုက်တွေကတော့ ခံ့ခံ့ညားညားတွေ ချည်းပဲ။ က္ဘောဒီးယားနဲ့ လာအိုနိုင်ငံကတော့ ကျွန်တော်တို့နဲ့ သိပ်မကွာပါဘူး။ ကျွန်တော်တို့ သုံးနိုင်ငံပေါ့။ သူတို့ကလည်း ကြိုးစားနေပါတယ်တဲ့။ ဖိလစ်ပိုင်ဆိုလည်း သူတို့မှာ ပျက်စီး သွားတဲ့အတွက် ပြန်ပြင်နေတယ်။ အဲဒီတော့ မကြာခင်မှာတော့ အာဆီယံနိုင်ငံများအားလုံးရဲ့ အမျိုးသားစာကြည့်တိုက်တွေ ဟာ ခံ့ခံ့ညားညားမြင်ရမယ်လို့ ပြောချင်ပါတယ်''ဟု ပြောကြား သည်။
ထို့အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ''အခုအဆောက်အအုံက အရင်က စွမ်းအင်ဝန်ကြီးဌာနပိုင် အဆောက်အအုံဖြစ်ပေမယ့် နေပြည်တော်ကို ပြောင်းရွှေ့လာတာကြောင့် နိုင်ငံတော်ကို အပ် ထားခဲ့ပါတယ်။ နောက်ပိုင်းမှာ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးလာတဲ့ အတွက် ရေနံနဲ့သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်တဲ့လုပ်ငန်း တွေ တိုးတက်လာတယ်။ ပူးပေါင်းလုပ်ကိုင်တဲ့ ကုမ္ပဏီတွေ များလာလို့ အဲဒီကုမ္ပဏီတွေကို တစ်စုတစ်စည်းတည်း ထားရှိပြီး တော့ သူတို့ဆီက သတင်းအချက်အလက်တွေ ယူတာ၊ ကွပ်ကဲ တာ၊ ဆက်သွယ်တာတွေ ဆောင်ရွက်နိုင်ဖို့အတွက် ဒီအဆောက် အအုံကို ပြန်လည်ရယူထားခဲ့တာပါ။ ဒါပေမယ့် ဘာမှ ပြင်ဆင် ဆောင်ရွက်ရခြင်း မရှိသေးပါဘူး။ အခု အဲဒီမှာ အမျိုးသား စာကြည့်တိုက်(ရန်ကုန်)ကို ပြောင်းရွှေ့နေရာချထားဖို့ လျာထား တယ်လို့ သိရတဲ့အတွက် အများကြီး ဝမ်းသာပါတယ်။ လွှဲပြောင်း ပေးရမယ့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်''ဟု ပြောသည်။
ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌဒေါက်တာ သန့်မြင့်ဦးက ''မြန်မာ့ရေနံBurma Oil
Building (BOC) အဆောက်အအုံဟာ ရန်ကုန်မြို့သမိုင်းမှာ အရေးပါတဲ့ အဆောက်အအုံတစ်လုံးဖြစ်ပါတယ်။ ဒီကုမ္ပဏီက တစ်ချိန်က က္ဘာမှာ အချမ်းသာဆုံးနဲ့ သြဇာအရှိဆုံးဖြစ်ခဲ့ပြီး ကုန်သည်လမ်းပေါ်ရှိတဲ့ ဒီအဆောက်အအုံရုံးခန်းများကနေ က္ဘာ့ရေနံလုပ်ငန်းကို စိုးမိုးခဲ့တာလည်းဖြစ်ပါတယ်။
ဒီအဆောက်အအုံကို အမျိုးသားစာကြည့်တိုက်အတွက် နေရာသစ်တစ်ခုအနေနဲ့ အသုံးပြုခြင်းဟာ ရန်ကုန်မြို့လယ်ကို ပြုပြင်ဆန်းသစ်ခြင်းမှာ ကြီးမားတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် မြို့နေလူထုနဲ့ စီးပွားရေးလုပ်ငန်းများအတွက် အကျိုးကျေးဇူးများစေမှာလည်းဖြစ်ပါတယ်။ ဒါဟာ သင်ကြားခြင်းနဲ့ တီထွင်ဖန်တီးခြင်းတို့ရဲ့ ဗဟိုအဖြစ် ရန်ကုန်မြို့လယ်ကို ဖော် ဆောင်ရာမှာ အဓိကအပိုင်းတစ်ခု ဖြစ်နေပါလိမ့်မယ်''ဟု မှတ်ချက်ပြုသည်။
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ''ကျွန်မတို့အဖွဲ့အတွက် ဒီ် သတင်းက အင်မတန် အားရစရာ ကောင်းပါတယ်။ ဒီလို အစီ အစဉ်ဖြစ်ဖို့လည်း အမြဲတမ်း အကြံပြုနေခဲ့ပါတယ်။ ရန်ကုန်မြို့ လယ်ကောင်တစ်ဝိုက်မှာ သမိုင်းအရ၊ ဗိသုကာလက်ရာအရ သိပ် တန်ဖိုးရှိတဲ့ အမွေအနှစ် အဆောက်အအုံတွေရှိပါတယ်။
အစိုးရဌာနကြီးတွေ နေပြည်တော်ပြောင်းသွားပြီးတဲ့ နောက် သေသေချာချာ ဆက်လက်အသုံးမပြုဘဲ ကျန်နေတာ တွေလည်း အများကြီးပါပဲ။ ကျွန်မတို့အတွက် ဒီအဆောက် အအုံတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ ပြင်ပြီး အများပြည်သူအတွက် အသုံးချနိုင်ဖို့ကို အဓိက လိုလားပါတယ်။ အချို့အဆောက်အအုံ တွေကိုတော့ စီးပွားရေးအကျိုးအမြတ်အတွက် သုံးနိုင်ပါတယ်။ အများပြည်သူသုံးနဲ့ စီးပွားရေးအကျိုးအမြတ်ကို မျှတစွာ သုံး ခြင်းဖြင့် စရိတ်လည်းကျေ၊ လူထုလည်းသုံးရတဲ့ အခြေအနေ ကို ရောက်နိုင်ပါတယ်။
အထူးသဖြင့် ရန်ကုန်မြို့လယ်မှာ ယဉ်ကျေးမှုနဲ့ ပတ်သက် တဲ့ နေရာတွေ အများအပြားလိုအပ်နေပါသေးတယ်။ မြို့လယ် ကောင်တစ်ဝိုက်ဟာ လူအများ လမ်းလျှောက်သွားလာဖို့ လွယ်ကူတဲ့နေရာလည်း ဖြစ်ရမှာဖြစ်ပါတယ်။ ပြတိုက်တွေ၊ ပြခန်း တွေ၊ စာကြည့်တိုက်တွေ၊ ရုပ်ရှင်သဘင်ဂီတ ဖျော်ဖြေရေး အတွက် နေရာတွေ၊ စာအုပ်ဆိုင်တွေ၊ စတူဒီယိုတွေနဲ့၊ လူငယ် တွေ ခရီးသွားဧည့်သည်တွေ စိတ်ဝင်တစား သွားလာစရာ အပြည့်နဲ့ လှုပ်ရှားနေရမှာပါ။ အမွေအနှစ်အဆောက်အအုံတွေ ဟာ ဒီလိုအသုံးပြုမှုတွေအတွက် အများကြီး သင့်လျော်ပါတယ်။ ကားရပ်နားရန်နေရာ အများကြီးမလိုတဲ့ အသုံးပြုမှုမျိုးတွေ အတွက် ပိုသင့်လျော်ပါတယ်။
''အခု ရေနံဓာတုအဆောက်အအုံကြီးက နှစ် ၁ဝဝ ကျော် သက်တမ်းရှိပါပြီ။ မူလက စကော့ကုန်သွယ်ရေးကုမ္ပဏီရဲ့ရုံး အဖြစ် ဆောက်လုပ်ခဲ့ရာက ဘီအိုစီ ကုမ္ပဏီကြီးက ရုံးချုပ်အဖြစ် သုံးခဲ့ပါတယ်။ သူ့ရဲ့ ဘယ်ဘက်ခြမ်းအပိုင်းကို စစ်ပြီးခေတ်မှာ စံပြဆေးခန်းအဖြစ်သုံးပြီး နောင်ပြည်သူပိုင်သိမ်းပြီးခေတ်မှာ ရေနံဓာတုလုပ်ငန်းရုံးချုပ်ဖြစ်ခဲ့တာပါ''ဟု ပြောကြားသည်။
ယခုပြောင်းရွှေ့ဖွင့်လှစ်ခွင့်ပြုလိုက်သည့်နေရာသည် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းပေါ်တွင် တည်ရှိပြီး အနီးပတ်ဝန်းကျင်တွင် မြန်မာ့စီးပွားရေးဘဏ်များ၊ ပုဂ္ဂလိက ဘဏ်များ၊ မြန်မာ့အာမခံလုပ်ငန်း၊ စတော့အိတ်ချိန်းရုံး၊ မဟာ ဗန္ဓုလပန်းခြံ၊ မြို့တော်ခန်းမတို့တည်ရှိသည့်အတွက် အချက် အချာကျပြီး စည်ကားသည့်နေရာတစ်ခုဖြစ်သည်။ ထို့ပြင် ယခု နှစ် ခရီးသွားရာသီအမီဘဏ်လမ်း၌ ညဈေးတန်းတစ်ခုကို ဖွင့်လှစ်ရန် စီစဉ်ထားရှိကြောင်း သိရှိရသည့်အတွက် ညဘက် များပါ စည်ကားလာမည့် နေရာတစ်ခုဖြစ်သည်။ (သတင်းစဉ်)

No comments:
Post a Comment