Saturday, July 2, 2016

ဦးဂမ္ဘီရ(ခ)ညီညီလွင် စွဲဆိုထားသည့်အမှုများမှ လွတ်မြောက်




The Mirror Daily's photo.


နေပြည်တော် ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တရားရုံးနှင့် သံလျင်မြို့နယ်တရားရုံး တို့မှ ဦးဂမ္ဘီရ(ခ)ညီညီလွင်အပေါ် စွဲဆိုထားသည့်အမှုများမှ ရုပ်သိမ်း၊ ကျေအေးခွင့်ပြုပြီး အပြီးသတ်လွှတ်မိန့်ချမှတ်လိုက်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တရားရုံး၌ ယနေ့နံနက် ၉ နာရီတွင် ပြုလုပ်သည့် တွဲဖက်မြို့နယ်တရားသူကြီး၏ တရားခွင်တွင် ဦးဂမ္ဘီရ(ခ)ညီညီလွင်အား စွဲဆိုထားသည့် ရာကြီးအမှတ် ၁၉၈/၂ဝ၁၆ နှင့် ၁၉၉/၂ဝ၁၆၊ ရာဇသတ်ကြီးပုဒ်မ ၄၄၈/၄၂၇ အမှု(၂)မှုနှင့်ပတ်သက်၍ ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုပြီး ရာဇဝတ်ကျင့် ထုံးဥပဒေပုဒ်မ ၂၅၃(၁)အရ အမှုဖြင့် စွဲချက်မတင်မီ (၂)မှုလုံးအား လွှတ်သည့်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အလားတူ ယင်းနေ့ နံနက် ၁ဝ နာရီတွင် ပြုလုပ်သည့် သန်လျင်မြို့နယ် တရားသူကြီးရုံး၏ တရားခွင်တွင် ၎င်းအား စွဲဆိုထားသည့် ရာကြီးအမှတ် ၁၂ဝ၈/၂ဝ၁၆၊ ရာဇသတ်ကြီးပုဒ်မ ၄၄၈/၄၂၇/၄၅၄ အမှုများနှင့် ပတ်သက်၍ အဆိုပါ တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၄၅၄ အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ (၁)အရ အမှုဖြင့်စွဲချက်မတင်မီ လွှတ်မိန့်ချမှတ်ပြီး ရာဇသတ်ကြီးပုဒ်မ ၄၂၇/၄၄၈ အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၄၅(၁)အရ ကျေအေး ခွင့်ပြုကာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၄၅(၆)အရ အဆိုပါ ပြစ်မှုများနှင့်ပတ်သက်၍ အပြီးသတ်လွှတ်သည်ဟု အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဦးဂမ္ဘီရ(ခ) ညီညီလွင်အပေါ် တရားစွဲအရေးယူခဲ့သော အမှု(၃)မှုအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ ရုပ်သိမ်း၍ အမှုများမှ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment