Saturday, July 2, 2016

ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံ




The Mirror Daily's photo.


နေပြည်တော် ဇူလိုင် ၁

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့တွင် ကျင်းပ သည့် (၄)ကြိမ်မြောက် မဲခေါင် - ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေး ဖိုရမ်သို့တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Lim Sung-nam အား ယနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကိုရီးယား သမ္မတနိုင်ငံအကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment