Saturday, July 2, 2016

အချိန်မှန် မိုးရွာသွန်းခဲ့သဖြင့် ရခိုင်ပြည်နယ်ရှိ လယ်ယာလုပ်ငန်းများ အဆင်ပြေ



The Mirror Daily's photo.


မြောက်ဦး ဇူလိုင် ၁

ယခုနှစ် မိုးရာသီကာလစတင်သည့် ဇွန်လဆန်းတွင် ရခိုင်ပြည်နယ်၌ မိုးပုံမှန်ရွာသွန်းခဲ့သဖြင့် လယ်ယာလုပ်ငန်းများ လုပ်ကိုင်ရန် အဆင်ပြေခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် စိုက်ပျိုးရာသီများ၌ မိုးရွာသွန်းမှုနောက်ကျခဲ့သောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ အခက်တွေ့ခဲ့သော်လည်း ယခုနှစ်ဇွန်လ အတွင်း မိုးပုံမှန် ရွာသွန်းခဲ့သဖြင့် ယမန်နှစ်ကထက်အချိန် စော၍ လယ်ယာလုပ်ငန်းခွင်သို့ ဝင်နိုင်ခဲ့ကြောင်း ဒေသခံလယ်သမားများက ပြောသည်။

''ဒီနှစ်မိုးရာသီမှာ မိုးစရွာတဲ့အချိန်က ရခိုင်ပြည်နယ်မှာ ပုံမှန်ဖြစ်ခဲ့တယ်လို့ ပြောရမှာ။ မနှစ်က မိုးရွာတာ နောက်ကျတယ်။ ဒီနှစ်တော့ ဇွန်လဆန်းကတည်းက မိုးစရွာတဲ့အတွက် လယ်ယာလုပ်ငန်းတွေစောစော လုပ် နိုင်ခဲ့ပါတယ်''ဟု မြောက်ဦးမြို့နယ်မှ လယ်သမား တစ်ဦး က ပြောသည်။

ယခုနှစ် မေလနှောင်းပိုင်းက ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းရွန်နုကြောင့် ရခိုင်ပြည်နယ်တွင် ပျက်စီးဆုံးရှုံးမှုအနည်းငယ်ရှိခဲ့သော် လည်း အဆိုပါ မုန်တိုင်း၏အရှိန်ကြောင့် ရခိုင်ပြည်နယ်တွင် မိုးများခဲ့သဖြင့် ရေရှားပါးမှုပြဿနာကို အထိုက်အလျောက် ဖြေရှင်းနိုင်ခဲ့ပြီး လယ်ယာလုပ်ငန်းများကိုလည်း စောစီးစွာ စတင်လုပ်ကိုင်နိုင်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်သည့် မြောက်ဦးနှင့် ကျောက်တော်မြို့များတွင် ယမန်နှစ်က မိုးရွာသွန်းမှုနောက်ကျပြီး ရက်ရှည် မိုးသည်း ထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သဖြင့် လယ်ဧကအများအပြား ရေနစ်မြုပ်ဆုံးရှုံးခဲ့ဖူးသည်။

ယခုနှစ်တွင် အချိန်မှန် မိုးရွာသွန်းခဲ့သဖြင့် လယ်ယာလုပ်ငန်းကိုစောစီးစွာ စတင်နိုင်ခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် လယ်ယာလုပ်သားရှားပါးခြင်း၊ လယ်ယာ လုပ်ငန်းခွင်သုံး သွင်းအားစုများ ဈေးနှုန်းကြီးမြင့်ခြင်း စသည့် အခက်အခဲများရှိနေဆဲဖြစ်ကြောင်း ဒေသခံလယ်သမားများ ကပြောသည်။
(သုတ)

No comments:

Post a Comment