Saturday, July 2, 2016

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း Mr.Keiichiro Nakazawa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ




The Mirror Daily's photo.


နေပြည်တော် ဇူလိုင် ၁

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းသည် JICA Myanmar Office မှ Chief Repersentative ဖြစ်သူ Mr. Keiichiro Nakazawa ဦးဆောင်သည့်အဖွဲ့အား ယမန်နေ့ နံနက် ၁ဝ နာရီခွဲက နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်သူ့ဝန်ထမ်းပြုပြင် ပြောင်းလဲရေး လုပ်ငန်းဆောင်ရွက်မှုများတွင် ပါဝင်ကူညီဆောင်ရွက်ပေး နိုင်မည့် ကိစ္စများ၊ ဂျပန်နိုင်ငံ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း (National Personnel Authority) နှင့် ပူးပေါင်း ဆောင်ရွက်နိုင်မှုကိစ္စ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းရည်မြှင့်တင်ရေးအတွက် အဆင့်မြင့် အရာထမ်းများကို သင်တန်းဆောင် ရွက်ပေးမည့် အစီအစဉ်များနှင့် ပညာသင်ဆု ဆောင်ရွက်ပေးနိုင်မည့် ကိစ္စများ၊ ဗဟိုဝန်ထမ်း တက္ကသိုလ်များ၌ ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်း တမ်းများ ပြုပြင်ပြောင်းလဲရေးကိစ္စနှင့် အရာထမ်းဝင်ပေါက် ရေးဖြေစာမေး ပွဲမေးခွန်းပုံစံ ပြောင်းလဲရေးကိစ္စ၊ ဗဟိုဝန်ထမ်း တက္ကသိုလ်များ အောက်တွင်ဖွင့်လှစ်မည့် ပြည်သူ့ ဝန်ထမ်းအကယ်ဒမီ (Civil Services Academy) ၌ ပို့ချမည့် ဘာသာရပ်များတွင် ဂျပန်နိုင်ငံမှ ပါမောက္ခများ၊ ပညာရှင်များ ပါဝင် ကူညီပို့ချပေးနိုင်ရေး သင်တန်းပို့ချ ဆရာ ဆရာမများကို လေ့ကျင့်သင်တန်းပေးရေးတို့ကို ကူညီပံ့ပိုး ပေးရန်ကိစ္စရပ်များကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝင်းမော်၊ ဒေါက်တာဦးပွားနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment