Friday, July 29, 2016

မြန်မာ-တရုတ်(တိုင်ပေ)နှစ်နိုင်ငံချစ်ကြည်ရေး စားပွဲတင်တင်းနစ်ပြိုင်ပွဲကျင်းပ




The Mirror Daily's photo.


ရန်ကုန် ဇူလိုင် ၂၈

မြန်မာ-တရုတ်(တိုင်ပေ)နှစ်နိုင်ငံချစ်ကြည်ရေးစားပွဲတင် တင်းနစ်ပြိုင်ပွဲကို ဇူလိုင် ၂၄ ရက်မှ ၂၅ ရက်အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် အလွတ်တန်းအသင်းလိုက်ပြိုင်ပွဲ၊ ဒုတိယတန်းအသင်းလိုက်ပြိုင်ပွဲ၊ (၁၅)နှစ် အောက်အသင်းလိုက်ပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲများ ကျင်းပခဲ့ရာ အလွတ်တန်းအသင်းလိုက်ပြိုင်ပွဲတွင် တရုတ်(တိုင်ပေ)အသင်းက ပထမ၊ ကာကွယ်ရေးအသင်း က ဒုတိယနှင့် စားပွဲတင်တင်းနစ်အဖွဲ့ချုပ်အသင်းက တတိယရရှိခဲ့ကြသည်။

ဒုတိယတန်းအသင်းလိုက်ပြိုင်ပွဲ၊ (၁၅)နှစ်အောက်အသင်းလိုက်ပြိုင်ပွဲနှင့် အမျိုးသား/ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲများတွင် ဆုရရှိသူများအား မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် တရုတ်(တိုင်ပေ) စားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌတို့က လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment