Friday, July 29, 2016

မန်စီးတီးအသင်းက ဂျွန်စတုန်းအား ခေါ်ယူရန် အဲဗာတန်အသင်းနှင့် ဆွေးနွေးလျက်ရှိ



The Mirror Daily's photo.


မန်စီးတီးအသင်းသည် အင်္ဂလန်နောက်တန်းကစားသမား ဂျွန်စတုန်းအား ခေါ်ယူရန်အတွက် အဲဗာတန်အသင်းနှင့် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

မန်စီးတီးအသင်းနှင့် အဲဗာတန်အသင်းတို့သည် ဂျွန်စတုန်း၏ အပြောင်းအရွှေ့နှင့် ပတ်သက်၍ စာချုပ်ချုပ်ဆိုရန်သဘောတူညီမှုရရှိထားသော်လည်း အရောင်းအဝယ်ဈေးနှုန်းကို တိတိကျကျမဆုံးဖြတ်ရသေးပေ။ အဲဗာတန်အသင်းအနေဖြင့် နောက်တန်းကစားသမား ဂျွန်စတုန်းအား ပြောင်းရွှေ့ကြေးပေါင် သန်း ၅ဝ အထိရရှိရန် မျှော်လင့်ထားသည်။

အသက်(၂၂)နှစ်အရွယ်ရှိ အဲဗာတန်နောက်တန်းကစားသမား ဂျွန်စတုန်းသည် ဘန်လေအသင်းမှ အဲဗာတန်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၂ဝ၁၅-၂ဝ၁၆ ဘောလုံးရာသီက ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားမည်ဟု သတင်းများထွက်ပေါ်ခဲ့သူဖြစ်သည်။

ဂျွန်စတုန်းသည် ၂ဝ၁၂ ခုနှစ် မတ်လတွင် ဘန်လေအသင်းနှင့်အတူ စတင်ပွဲထွက် ကစားခွင့်ရရှိခဲ့သော်လည်း ၁ဝ လအကြာတွင် အဲဗာတန်အသင်းသို့ ပြောင်းရွှေ့ကြေးပေါင်သုံးသန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment