Sunday, July 3, 2016

ဗိုလ်ချုပ်ပြတိုက်အတွင်း ပြည်သူများ အဆင်ပြေစွာကြည့်ရှုနိုင်ရန် မွမ်းမံပြင်ဆင်ခြင်းများ ဆောင်ရွက်မည်


The Mirror Daily's photo.
သတင်း - ခင်ဇာလီ
ဓာတ်ပုံ - စောသိန်းဝင်း
ရန်ကုန် ဇူလိုင် ၂
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် (၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်း အနားအတွက် ဆောင်ရွက်နေပြီး ပြတိုက်အတွင်း ပြည်သူများ အဆင် ပြေစွာ ကြည့်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ ပြတိုက်ကို ဇူလိုင် ၁ဝ ရက်မှ ၁၈ ရက်အထိ ခေတåပိတ်ကာ ပြတိုက်မွမ်းမံပြင်ဆင်ခြင်းနှင့် သန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် (ရန်ကုန်)မှ သိရသည်။
''အာဇာနည်နေ့အတွက် ကျွန်မတို့ ပုံမှန်လုပ်နေကျဖြစ်တဲ့ ပြတိုက်မွမ်းမံ ပြင်ဆင်တာတွေ၊ ကြံ့ခိုင်ရေးပိုင်း ပြုပြင်တာတွေ၊ ပြတိုက်ဝင်းနဲ့ အဝင် လမ်း သန့်ရှင်းရေးလုပ်တာတွေ ကတော့ အရင်ကလုပ်ဆောင်နေကျ အတိုင်း ဆောင်ရွက်နေတယ်။ အရင် နှစ်တွေနဲ့မတူတာက ဗိုလ်ချုပ် အောင်ဆန်း စာအုပ်ဖတ်နေတဲ့ ဆီလီကွန်ပုံတူရုပ်တုကို ပြတိုက်လေသာ ဆောင်မှာထားမယ်။ ပြီးတော့ ဗိုလ်ချုပ် ဝတ်ဆင်ခဲ့တဲ့ ကုတ်အရှည်ကို ရုပ်လုံး ပေါ်အောင် ပြသထားမယ်။ အရင်လို ဗိုလ်ချုပ်ကားကို အပြင်မှာမပြသတော့ဘဲ မှန်အိမ်ထဲမှာထည့်ပြီး ကားဂိုဒေါင် လုပ်ပြီး ပြသသွားမယ်။
အသစ်တည်ဆောက်ရေးပိုင်းကတော့ မနှစ်ကဆို အာဇာနည်နေ့မှာ ပြတိုက်ကိုလာတဲ့ ပရိသတ်တွေသောင်းကျော်တယ်။ ဒီတော့ လာကြည့်တဲ့ အများပြည်သူ ကျန်းမာရေးအတွက် ခြောက်ခန်းတွဲအိမ်သာကို တည်ဆောက် နေတဲ့အပြင် ဗိုလ်ချုပ်ပြတိုက်ရေရှည်တည်တံ့စေရေးအတွက် လေးခန်းတွဲ ဝန်ထမ်းအိမ်ရာလည်း တည်ဆောက်နေပါတယ်။ ပြီးတော့ အာဇာနည်နေ့ အတွက် ဗိုလ်ချုပ်ရဲ့ ဓာတ်ပုံတွေကို ချိတ်ဆွဲပြသနိုင်ဖို့ သမိုင်းဝင်ရှားပါးဓာတ်ပုံ တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်''ဟု ဒေါ်နန်းလောင်ဝ်ငင်း ညွှန်ကြား ရေးမှူး အမျိုးသားပြတိုက် (ရန်ကုန်)က ပြတိုက်ပြင်ဆင်ထားမှု အခြေအနေများ ကို ရှင်းပြသည်။
ထို့ကြောင့် ပြင်ဆင်မှုများ ပြုလုပ်ရန် ဗိုလ်ချုပ်ပြတိုက်ကို ဇူလိုင် ၁ဝ ရက်မှ ၁၈ ရက်ထိ ခေတåပိတ်ထားမည်ဖြစ်ပြီးအာဇာနည်နေ့တွင် နံနက် ၈ နာရီမှညနေ ၄ နာရီခွဲအထိ အများပြည်သူများအား အခမဲ့ပြသသွားမည်ဟု သိရသည်။ ၁၉၂၁ ခုနှစ်မှစ၍ တည်ဆောက်ခဲ့ပြီး အနောက်တိုင်းဗိသုကာဟန် ရောနှော တည်ဆောက်ထားသော ၂ဝ ရာစု ဥရောပပုံစံရှိသည့် ဗိုလ်ချုပ်အောင်ဆန်း၏နေအိမ်သည် ယခုအချိန်တွင် နှစ်ပေါင်း ၉ဝ ကျော်ကြာ တည်ရှိခဲ့ပြီဖြစ်သည်။
၁၉၄၅ ခုနှစ် မေလမှ ၁၉၄၇ ခုနှစ် ဇူလိုင်လအထိ ယင်းအိမ်တွင် ဗိုလ်ချုပ် ငှားရမ်းနေထိုင်ခဲ့ပြီး မြန်မာအစိုးရက ၁၉၄၈ ခုနှစ်တွင် မူလပိုင်ရှင်ထံမှ သုံးသောင်းကျပ်ဖြင့် ဝယ်ယူခဲ့သည်။ ပြတိုက်ဖွင့်ရန် ပြင်ဆင်ခဲ့ကာ ၁၉၆ဝ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်ဖွင့်လှစ်ပြသခဲ့သည်။ ယင်းနောက် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ပြတိုက်အဆောက်အအုံနှင့် နေအိမ်တစ်ခုလုံးကို ပြန်လည်ပြုပြင်မွမ်းမံခဲ့ပြီး ၁၉၆၂ ခုနှစ် (၂၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ပြန်လည်ဖွင့်လှစ်ပြသခဲ့သည်။
၁၉၉၉ ခုနှစ် နိုဝင်ဘာလတွင် ပြတိုက်ကြံ့ခိုင်ရေးအတွက် အကြီးစားပြုပြင် မွမ်းမံမှုများ ထပ်မံပြုလုပ်ခဲ့ရာ ၂ဝဝဝ ပြည့်နှစ် ဇူလိုင် ၁၉ ရက်မှ ယနေ့ထက်တိုင် ဖွင့်လှစ်ပြသခဲ့ခြင်းဖြစ်သည်။ ပြတိုက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ တစ်ကိုယ်ရေ အသုံးအဆောင်ပစöည်းများ၊ အိနဍ္ဎိယနိုင်ငံဝန်ကြီးချုပ် ဂျာဝါဟာလာနေရူးပေးခဲ့ သည့် ကုတ်အင်္ကျီနှင့် ဗိုလ်ချုပ်အောင်ဆန်းအသုံးပြုခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် အနက်ရောင် ဝူစလေကားတို့ကို ပြသထားသည်။ ဗိုလ်ချုပ်မိသားစု ဓာတ်ပုံများ၊ ပန်းချီကားများကို ပြသထားသည့်အပြင် ဗိုလ်ချုပ်အောင်ဆန်း ဖတ်ရှုလေ့လာခဲ့ သည့် စာအုပ်များကိုလည်း ခင်းကျင်းပြသထားသည်။
ယင်းပြင် ဗိုလ်ချုပ်၏ မိန့်ခွန်း၊ ဇနီးဒေါ်ခင်ကြည်ထံ ပေးပို့ခဲ့သည့် စာတို လေးများကို ဖတ်ရှုလေ့လာနိုင်ပြီး ဗိုလ်ချုပ် တိုင်းပြည်ပေါ်ထားရှိသည့် ပြင်းပြ သည့် စိတ်ဓာတ်၊ ခြိုးခြံချွေတာစွာ နေတတ်သည့် စရိုက်၊ ရိုးရှင်းစွာနေတတ် သည့် ဘဝပုံစံတို့ကို မြင်တွေ့ခံစားရမည်ဖြစ်သည်။

No comments:

Post a Comment