Wednesday, June 29, 2016

IAAF ပြေးခုန်ပစ်နည်းပြသင်တန်းဖွင့်




The Mirror Daily's photo.


နေပြည်တော် ဇွန် ၂၈

ရက် ၁ဝဝ စီမံချက်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ပြေးခုန်ပစ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် IAAF Coaches Education and Certification System Level I Athletics Coaching Course ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်အားကစားလေ့ကျင့်ရေး စခန်း၌ ကျင်းပသည်။

အခမ်းအနားတွင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြဆရာ Mr. Mohd Nanang(အင်ဒိုနီးရှား)က နှုတ်ခွန်းဆက်စကားပြောကြားသည်။ ယင်းသင်တန်းကို ဇွန် ၂၇ ရက်မှ ဇူလိုင် ၈ ရက်အထိ နေပြည်တော်တွင် ဖွင့်လှစ်လျက်ရှိပြီး သင်တန်းသား ၂၅ ဦး တက်ရောက်လျက်ရှိသည်။ သင်တန်းနည်းပြအဖြစ် အင်ဒိုနီးရှားနိုင်ငံသားက ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ဦးကျော်ကျော်ဝင်းက တွဲဖက်နည်းပြအဖြစ် ဆောင်ရွက်လျက်ရှိသည်။
သတင်း-ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-ချစ်ကိုကို

No comments:

Post a Comment