Friday, June 3, 2016

ပြင်သစ်နိုင်ငံအလယ်ပိုင်းဒေသများ၌ ရေလွှမ်းမိုး၊ အမျိုးသမီးတစ်ဦး သေဆုံး၊ ရေဘေးအန္တရာယ်စိုးရိမ်ရ


The Mirror Daily's photo.
ပါရီ ဇွန် ၂
ပြင်သစ်နိုင်ငံအလယ်ပိုင်း လွိုင်းမြစ်နှင့် စိန်းမြစ်တစ်လျှောက်ရှိ ဒေသများ၌ ရေလွှမ်းမိုးမှုဖြစ်ပွားရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ဒေသခံပြည်သူထောင် ပေါင်းများစွာကို ဘေးကင်းလုံခြုံရာနေရာများသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇွန် ၂ ရက်တွင် သတင်းထုတ်ပြန်သည်။
ပြင်သစ်နိုင်ငံ၌ ရက်ပေါင်းအတန်ကြာမျှ မိုးအဆက်မပြတ်ရွာသွန်းခဲ့ ခြင်းကြောင့် ရေလွှမ်းမိုးမှု ဘေးအန္တရာယ်ခြိမ်းခြောက်လျက်ရှိသည်။
ပြင်သစ်နိုင်ငံ မြို့တော်ပါရီ၌ လွန်ခဲ့သည့် နှစ်ရက်တာကာလတွင် ရေဘေး အန္တရာယ်သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိန်းမြစ်ကမ်းပါးကျိုးပေါက်ခဲ့ပြီး မြစ်ကမ်းနံဘေးရှိ အဝေးပြေးလမ်းများနှင့် နေအိမ်များ ရေနစ်မြုပ်ခံခဲ့ရသည်။ ရေလွှမ်းမိုးမှုကြောင့် အပျော်စီးသင်္ဘော ခရီးစဉ်များကို ဆိုင်းငံ့ထားလိုက်ရသည်။
ရေဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းကို အပူတပြင်း ဆောင်ရွက်ရန် ပြင်သစ်ဝန်ကြီးချုပ် မန်နျူယယ်ဗောလ်က ညွှန်ကြားထားသည်။
မြို့တော်ပါရီ တောင်ဘက် ၈၅ မိုင်ခန့်အကွာ ဆပ်ပက်ဆာလွိုင်မြို့ရှိ ရေနစ်မြုပ်နေသော နေအိမ်တစ်လုံးအတွင်း အသက် ၈၆ နှစ်အရွယ် အမျိုး သမီးကြီးတစ်ဦး သေဆုံးနေသည်ကို ဇွန် ၁ ရက်က တွေ့ရှိခဲ့သည်။
စိန်းမြစ် ရေမျက်နှာပြင်သည် ဇွန် ၃ ရက်တွင် အမြင့်ဆုံးအမှတ်ဖြစ်သော ၅ ဒသမ ၆ဝ မီတာအထိ ရောက်ရှိနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြား ကြသည်။
ရိုက်တာ။

No comments:

Post a Comment