Friday, June 3, 2016

တောင်တရုတ်ပင်လယ်ပြင်ကိစ္စများ အမေရိကန်နှင့်မသက်ဆိုင်ကြောင်း တရုတ်ပြော

ပေကျင်း ဇွန် ၂

အမေရိကန်အနေဖြင့် တောင်တရုတ်ပင်လယ်အရေးကိစ္စအပေါ် ၄င်း၏မူဝါဒများဖြင့် မဆုံးဖြတ်သင့်ကြောင်း၊ အငြင်းပွားကျွန်းများတွင် ဘက်လိုက်မှု မပြုဟုဆိုသည့် ကတိကို တည်သင့်ကြောင်း ထိပ်တန်းတရုတ်သံအမတ်တစ်ဦးက တရုတ်-အမေရိကန် လုံခြုံရေးဆွေးနွေးပွဲမတိုင်မီ ကြာသပတေးနေ့က ပြောခဲ့သည်။

တောင်တရုတ်ပင်လယ်ပြင်၌ တရုတ်ထိန်းချုပ်ထားရာကျွန်းများအနီး အမေရိကန်စစ်ဘက်ဆိုင်ရာလှည့်ကင်းများ ဆောင်ရွက် နေမှုကို တရုတ်နိုင်ငံဘက်မှ အလိုမကျမှုများဖြစ်ပေါ်နေသည်။ အမေရိကန်ဘက်ကလည်း ရေကြောင်းလွတ်လပ်စွာသွားလာမှု များကို ကာကွယ်မှုပြုလုပ်ရန် လှည့်ကင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောသည်။
တောင်တရုတ်ပင်လယ်ပြင်ကိုဖြတ်၍ နှစ်စဉ် ဒေါ်လာ ၅ ထရီလီယံခန့် ကုန်သွယ်မှုပြုခြင်းကို တရုတ်နိုင်ငံဘက်မှ မကျေနပ်မှုများ မြင့်တက်လျက်ရှိနေပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား ၊ ထိုင်ဝမ်နှင့်ဘရူနိုင်းတို့ကလည်း ဝါရှင်တန်နှင့် စစ်ရေးပူးပေါင်းစစ်ဆင် ရေးများပြုလုပ်နေသလို တောင်တရုတ်ပင်လယ်အရေးကိစ္စအပေါ် မကျေနပ်မှုများဖြစ်ပေါ်နေသည်။

လာမည့်သီတင်းပတ်တွင် ပေကျင်း၌ အမေရိကန်အရာရှိများနှင့်အဆင့်မြင့်အစည်းအဝေးမကျင်းပမီ ရှေ့ပြေး
အနေဖြင့် ကျင်းပသော အစည်းအဝေးတစ်ခု၌ တရုတ်နိုင်ငံခြားရေးဒုတိယဝန်ကြီး စန်စီကျောင်က ၄င်း၏နိုင်ငံသည် တောင်တရုတ်ပင်လယ်ပြင်၌ ရေကြောင်းဆိုင်ရာအခွင့်
အရေးများနှင့် ၄င်း၏အချုပ်အခြာအာဏာကို ကာကွယ်ရန် တာဝန်ရှိသည်ဟု ပြောခဲ့သည်။
တောင်တရုတ်ပင်လယ်ငြင်းပွားကျွန်း၌ အမေရိကန်သည် တောင်တရုတ်ပင်လယ်အရေးကို တိုက်ရိုက်ပတ်သက်သူ မဟုတ်ကြောင်း၊ နယ်မြေအငြင်းပွားမှုများတွင် ၄င်းအနေဖြင့်ရပ်တည်စရာမလိုကြောင်း စန်ကပြောသည်။
(ရိုက်တာ)

No comments:

Post a Comment